ဒီနေ့ခေတ်မှာ ကိုယ်ပိုင် Website တစ်ခု ရှိထားပြီဆိုရင် ဒါမှမဟုတ် Online ကနေ ပစ္စည်းတွေ ဝယ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားရမယ့်အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ SSL ပါပဲ။
SSL ဆိုတာ ဘာလဲ?
SSL ဆိုတာကတော့ Secure Sockets Layer ကို အတိုကောက် ခေါ်တာပါ။ လွယ်လွယ်ပြောရရင်တော့ Website တစ်ခုရဲ့ အရေးကြီး အချက်အလက်တွေကို မသမာသူတွေ၊ Hacker တွေကြားထဲကနေ နှိုက်မကြည့်နိုင်အောင် Server နဲ့ အသုံးပြုသူရဲ့ Browser အကြား လမ်းကြောင်းတွေကို Encrypt (ကုဒ်တွေနဲ့ ဝှက်ပြီး) ပြုလုပ်ပေးတဲ့ Website လုံခြုံရေး စနစ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် Credit Card အချက်အလက်တွေ၊ Username/Password တွေနဲ့ အခြား ကိုယ်ရေးအချက်အလက်တွေကို Website ထဲ ရိုက်ထည့်ပြီး ပို့လိုက်တဲ့အခါ ဘေးကနေ ခိုးယူလို့မရအောင် ကာကွယ်ပေးတာပါ။
SSL ရှိ/မရှိ ဘယ်လိုကြည့်မလဲ?
SSL မရှိတဲ့ Website တွေကို Browser တွေက “Not Secure” ဆိုပြီး အနီရောင်စာသားနဲ့ အကြီးအကျယ် သတိပေးနေပြီ ဖြစ်လို့ အသုံးပြုသူတွေအနေနဲ့ ယုံကြည်စိတ်ချရမှု မရှိတော့ပါဘူး။ အထူးသဖြင့် Ecommerce (အွန်လိုင်းစျေးဝယ်) Website တွေမှာ SSL မပါဘူးဆိုရင် မိမိရဲ့ ငွေကြေးအချက်အလက်တွေကို လုံးဝ မထည့်သွင်းသင့်ပါဘူး။
“ ကိုယ့်ရဲ့ Website မှာ ဖြစ်ဖြစ်၊ ကိုယ်သုံးမဲ့ Website မှာပဲဖြစ်ဖြစ် SSL စနစ် ထည့်သွင်းထားဖို့က အပိုအလုပ် မဟုတ်ဘဲ မဖြစ်မနေ လုပ်ရမယ့်အရာ ဖြစ်နေပါပြီ။ ”မြန်မာနက်
Website တိုင်းအတွက် SSL က ဘာလို့ လိုအပ်တာလဲ ?
- Customer တွေရဲ့ ယုံကြည်မှု : SSL ရှိမှသာ Customer တွေက စိတ်ချလက်ချနဲ့ ကိုယ့် Website ထဲမှာ ငွေပေးချေတာ၊ အကောင့်ဖွင့်တာတွေ လုပ်ရဲမှာပါ။
- SEO နဲ့ Google Ranking : Google က SSL မရှိတဲ့ Website တွေကို အမှတ်လျှော့လေ့ရှိပြီး ရှာဖွေမှုတွေမှာ အောက်ကို ချပစ်လေ့ရှိပါတယ်။ အခုခေတ်မှာ Content ကောင်းဖို့ လိုသလို၊ SSL ရှိနေဖို့ကလည်း Website တစ်ခုရဲ့ အခြေခံ အုတ်မြစ် ဖြစ်နေပါပြီ။
- အခမဲ့ ရနိုင်ခြင်း : အရင်က SSL ဆိုရင် တစ်နှစ်ကို ဒေါ်လာ ၅၀ ကနေ ထောင်ဂဏန်းအထိ ပေးပြီး ဝယ်သုံးခဲ့ရပေမဲ့၊ အခုနောက်ပိုင်းမှာတော့ Hosting အများစုက Let’s Encrypt လိုမျိုး စနစ်တွေနဲ့ Website တိုင်းအတွက် SSL ကို အပြီးအပိုင် အခမဲ့ (Free SSL) ပေးနေကြပါပြီ။ (လုပ်ငန်းကြီးတွေအတွက် Enterprise အဆင့်မြင့် SSL တွေပဲ သီးသန့် ဝယ်ဖို့ လိုပါတော့တယ်)။


