ဝက်ဘ်ဆိုက်နှင့် နည်းပညာ
အခုခေတ်မှာ လူတွေက အွန်လိုင်းမှာပဲ အခြေချနေကြတာပါ။ စစ်တမ်းတွေအရ ကမ္ဘာမှာ တိုးတက်တဲ့ နိုင်ငံတွေမှာ လုပ်ငန်းတွေရဲ့ ၇၁ ရာခိုင်နှုန်းက website လုပ်ထားနှင့်ပြီးဖြစ်တယ်။ အင်တာနက်သုံးသူ ၈၃ ရာခိုင်နှုန်းကျော်လောက် ကိုယ်ဝယ်မဲ့ product ဒါမှမဟုတ် business partner အသစ်ရှာတာကို အွန်လိုင်းမှာပဲအရင်ရှာလေ့ရှိတယ်။
အင်တာနက်အသုံးပြုသူ ၉၂ ရာခိုင်နှုန်းကျော်ဟာ Social Media အကောင့်ပဲရှိတဲ့ လုပ်ငန်းတွေထက် တရားဝင် ဝက်ဘ်ဆိုက် (Official Website) ရှိတဲ့ ကုမ္ပဏီတွေကို ပိုပြီး ယုံကြည်ကြပါတယ်။ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ရှိခြင်းက လုပ်ငန်းနာမည်နဲ့ Business Email တွေကို သုံးနိုင်စေလို့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို၊ Google လို Search Engine တွေကလည်း လူကြီးမင်းတို့ လုပ်ငန်းကို ရှာတွေ့နိုင်အောင် ကူညီပေးပါတယ်။
နောက်တစ်ခုက Social Media တွေမှာ ဖြစ်လေ့ရှိတဲ့ ကိုယ့် ထုတ်ကုန်အကြောင်း၊ ဝန်ဆောင်မှုအကြောင်းတွေကို ရေးတဲ့အချိန်မှာ အကောင့်အပိတ်ခံရတာ ဒါမှမဟုတ် မူဝါဒအပြောင်းအလဲကြောင့် အဖြုတ်ချခံရမှာတွေကို ပူစရာမလိုဘဲ ကိုယ့် ဝဘ်ဆိုဒ်မှာ ခိုင်ခိုင်မာမာ ဖော်ပြထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
Website တစ်ခု အပြီးသတ်နိုင်ဖို့ ကြာချိန်ကတော့ ထည့်သွင်းရမယ့် အချက်အလက် ဘယ်လောက်များမလဲ၊ လုပ်ဆောင်ချက်တွေက ဘယ်လောက်အထိ အသေးစိတ်ကျမလဲ ဆိုတာရယ်၊ လိုအပ်တဲ့အချက်အလက်တွေကို ဘယ်လောက်မြန်မြန်ပေးနိုင်သလဲ ပြီးတော့ ပေးလိုက်တဲ့ design တွေကို ဆုံးဖြတ်ချက် မြန်မြန်ချပြီး အတည်ပြုနေတဲ့အပေါ် မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ Website တစ်ခုကို (၈) ပတ် ကနေ (၁၀) ပတ် အတွင်း အချိန်ယူရလေ့ရှိပါတယ်။
သို့သော်ငြားလည်း အရေးတကြီး လိုအပ်လို့ ဝဘ်ဆိုက်တစ်ခုကို သုံးရက်လောက်နဲ့ အပြီးအမြန်တည်ဆောက်ပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
CMS ဆိုတာ Content Management System ကို ပြောတာပါ။ အလွယ်ဆုံးပြောရရင် WordPress, WooCommerce, Joomla တို့လို Dashboard (Backend) ပါတဲ့ Website မျိုး ဖြစ်ပါတယ်။ Website က Database နဲ့ ချိတ်ဆက်ထားပြီး Dynamic ဖြစ်နေမယ်။ ကိုယ်က စာတစ်ကြောင်းပြင်ချင်ရင် သို့မဟုတ် ပို့စ်အသစ်တင်ချင်ရင် Code ရေးစရာမလိုဘဲ Word မှာ စာရိုက်သလိုမျိုး Dashboard ထဲကနေ လွယ်လွယ်ကူကူ ပြောင်းလဲနိုင်တယ်။ Content ခဏခဏ အပြောင်းအလဲလုပ်ရမယ့် Blog တွေ၊ E-commerce online shop တွေအတွက် အဆင်ပြေတယ်။
ရိုးရိုး Website ဆိုတာကတော့ HTML, CSS, JavaScript ဖိုင်သီးသန့်တွေနဲ့ပဲ တည်ဆောက်ထားတဲ့ Static Web Page တွေကို ပြောတာပါ။ Database မပါဘူး။ အချက်အလက်တွေ အားလုံးက Code တွေကြားထဲမှာ တိုက်ရိုက် (Hardcoded) ရေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စာတစ်လုံး ပြင်ချင်ရင်တောင် Source Code ကို ဖွင့်၊ လိုက်ပြင်ပြီးမှ ဆာဗာပေါ် ပြန်တင် (Upload) ရပါတယ်။ ပေါ့ပါးသွက်လက်တယ်၊ Loading မြန်တယ်၊ Database မပါလို့ SQL Injection လိုမျိုး Security ဟာကွက်တွေ နည်းပြီး ပိုစိတ်ချရတယ်။
ကုမ္ပဏီထောင်ရင် ကုမ္ပဏီနာမည်ပေးရသလိုပဲ website လုပ်ရင်လည်း website နာမည်ပေးရပါတယ်။ အဲဒီ website နာမည်ဆိုတာ ဒိုမိန်း (Domain) ပါပဲ။ မြင်သာအောင် ပြောရရင် google.com, facebook.com, telegram.org, viber.com, apple.com ဆိုတာ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ဒိုမိန်းနာမည်တွေပါ။
ကိုယ်ပေးချင်တဲ့ နာမည်ကို သူများက လက်ဉီးပြီးယူသွားပြီးရင် သူရောင်းချင်တဲ့ဈေးနဲ့ ကိုယ့်ကို ပြန်ရောင်းတာ ခံရမှာပါ။ လက်မဉီးလိုက်လို့ ဈေးကြီးပေး ပြန်ဝယ်လိုက်ရတဲ့ ဒိုမိန်းအချို့ကို ပြောရရင် hotels.com ကို ဒေါ်လာ ၁၁ သန်း၊ voice.com ကို သန်း ၃၀၊ tesla.com ကို ၁၁ သန်း နဲ့ fb.com ကို ၈.၅ သန်းနဲ့ ပြန်ဝယ်ပြီး သုံးလိုက်ကြရပါတယ်။
ဒိုမိန်းက အရေးကြီးပါတယ်။ ကိုယ်က လက်ဉီးမှုယူပြီး ဒိုမိန်းကောင်းတွေကို ဝယ်ခဲ့နိုင်ရင်တောင် သန်းကြွယ်သူဌေး ဖြစ်သွားနိုင်ပါတယ်။
မြန်မာနက်အနေနဲ့ ဝဘ်ဆိုဒ်တစ်ခု ရှိရုံတင်မဟုတ်ဘဲ "မှန်ကန်တဲ့ ဝယ်သူတွေ ရောက်ရှိလာပြီး ရောင်းအားအစစ်အမှန် ဖြစ်ထွန်းလာစေဖို့" ကို အဓိကထား ဆောင်ရွက်ပေးပါတယ်။ မိုဘိုင်းခေတ်နဲ့အညီ ဖုန်းနဲ့ကြည့်ရင် မြန်ဆန်ချောမွေ့ပြီး လုပ်ငန်းရှင်ကိုယ်တိုင် စီမံခန့်ခွဲရလွယ်ကူတဲ့ CMS Website ကောင်းတွေကို ဖန်တီးပေးတဲ့အပြင်၊ Google ရှာဖွေမှုတွေမှာ သဘာဝအလျောက် (Organic Traffic) ထိပ်ဆုံးက ပါလာစေဖို့ ဝဘ်ဆိုဒ်ရဲ့ အခြေခံအုတ်မြစ် (Foundation) ကို Google စံနှုန်းတွေနဲ့အညီ One-Time SEO နည်းဗျူဟာများဖြင့် စနစ်တကျ ပြင်ဆင်ပေးပါတယ်။
ထို့အပြင် ဝဘ်ဆိုဒ်ကို တည်ဆောက်ပြီး ပစ်ထားခြင်းမျိုးမဟုတ်ဘဲ လစဉ်ပြုပြင်ထိန်းသိမ်းမှု၊ အခပေးကြော်ငြာဝန်ဆောင်မှု (SEA) နှင့် လုပ်ငန်းတိုးတက်မှုကို ဆန်းစစ်နိုင်မည့် Analytic Reporting များကိုပါ စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးခြင်းဖြင့် သင့်လုပ်ငန်းကို အွန်လိုင်းပေါ်တွင် ရေရှည်ခိုင်မာအောင် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
Google Analytics (GA) ဆိုတာ မိမိရဲ့ Website ထဲကို ဝင်ရောက်လာတဲ့ လူတွေရဲ့ အပြုအမူတွေကို ခြေရာခံပြီး အချက်အလက် (Data) ရှာဖွေစုဆောင်းပြသပေးတဲ့ Google ရဲ့ အခမဲ့ Tool တစ်ခု ဖြစ်ပါတယ်။
ကိုယ့် Website ကို ဘယ်သူတွေလာလဲ၊ လာရောက်ကြည့်ရှုသူတွေက ဘယ်နိုင်ငံ၊ ဘယ်မြို့ကလဲ၊ ဘယ်လို အသက်အရွယ်တွေလဲ၊ ဘယ်ကနေတစ်ဆင့် ရောက်လာတာလဲ - Facebook ကနေ လာတာလား၊ Google မှာ ရှာပြီး လာတာလား၊ ဒါမှမဟုတ် SEO/SEA ကြောင့် ရောက်လာတာလာ၊ လာတဲ့သူတွေက ဘယ်စာမျက်နှာ (Page) တွေကို အဖတ်များလဲ၊ Website ထဲမှာ အချိန်ဘယ်လောက်ကြာကြာ နေလဲ စတဲ့အချက်အလက်တွေကို Website ပိုင်ရှင်ကို report ပေးတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီကရတဲ့ Data တွေကို ကြည့်ပြီး မိမိ Website ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြုပြင်ကာ လုပ်ငန်း ပိုအောင်မြင်အောင် စီမံခန့်ခွဲနိုင်ပါတယ်။
Package အလိုက်သတ်မှတ်ထားတဲ့ Server Space ပေါ်မှာမူတည်ပြီးထည့်လို့ရပါတယ်။ ဥပမာ - Premium web site package ဝယ်ယူထားသော client များအတွက် ကနဦး web page ပေါင်း 50 ကို စတင် တည်ဆောက်ပေးပါတယ်။ လစဉ် 10 pages ကို အခမဲ့ ထပ်မံထည့်သွင်းခြင်း (သို့) ပြင်ဆင်ခြင်း ဝန်ဆောင်မှုများကို ပြုလုပ်ပေးနေပါသည်။ အခြားသော package များပေါ်မူတည်ပြီး စာမျက်နှာ အရေအတွက်မှာ ပြောင်းလဲမှုရှိပါတယ်။ Client ၏လိုအပ်ချက်အရ လစဉ်သတ်မှတ်ထားသော စာမျက်နှာအရေအတွက်ထက်ပိုမို ထည့်သွင်းလိုပါကလည်း extra charges ဖြင့် ထည့်သွင်းနိုင်ပါသည်။ မိမိကိုယ်တိုင် CMS access ရရှိထားပါက server space ပေါ်မူတည်ပြီး လိုအပ်သလို ထပ်မံဖြည့်သွင်းနိုင်ပါတယ်။
မြန်မာနက် ရဲ့ Server/Data Center တွေကို ပြည်တွင်းပြည်ပက အသုံးပြုသူတွေအားလုံးအတွက် အမြန်ဆုံးနဲ့ အစိတ်ချရဆုံး ဖြစ်စေဖို့ ကမ္ဘာ့အဆင့်မီ ဒေတာစင်တာကြီးတွေ ရှိရာ ဒေသအသီးသီးမှာ ခွဲခြားအခြေစိုက် တည်ဆောက်ထားပါတယ်။ အမေရိကန်, အိန္ဒိယ, စင်ကာပူ, ဘရာဇီး, ဩစတြေးလျ, ကနေဒါ, ယူကေ, ဂျာမနီ, နယ်သာလန်, ထိုင်း, ဗီယက်နမ် စတဲ့နိုင်ငံတွေမှာ ရှိတဲ့ Server/Data Center တွေကို အသုံးပြုပါတယ်။
Website တစ်ခု စပြီး Launch လုပ်တဲ့အချိန်မှာ SEO အတွက် အခြေခံ လိုအပ်တဲ့ အချက်တွေကို တစ်ခါတည်း စနစ်တကျ (One-Time SEO) လုပ်ပေးပါတယ်။
Technical Setup အနေနဲ့ Google နဲ့ Website ကို ချိတ်ဆက်နိုင်ဖို့ Setup/Submission လုပ်ပေးတာတွေ၊ On-Site Architecture အနေနဲ့ SEF ဖြစ်အောင်လုပ်ပေးတာတွေ အပြင် Meta Tags တွေအတွက်လည်း Meta Title/Description ကို ပြင်ဆင်ပေးတာတွေကို တစ်ခါတည်း လုပ်ပေးပါတယ်။
Google ရဲ့ ပထမဆုံး page မှာ ကိုယ်လိုချင်တဲ့ Keywords တွေနဲ့ ပြိုင်ဘက်တွေထက် ကျော်ပြီး ရေရှည်ထိပ်ဆုံးမှာ ရှိနေချင်တယ်ဆိုရင်တော့ လစဉ် Content အသစ်တွေ (Articles/Blogs) အမြဲရေးပြီး တင်ပေးနေရတဲ့ (Ongoing SEO) လုပ်ငန်းစဉ် ကတော့ သီးသန့် လိုအပ်မှာဖြစ်ပါတယ်။
Google Co-sell Partner / Workspace
ဟုတ်ပါတယ်။ Google ရဲ့ တရားဝင် ပါတနာ (Official Google Partner) ဖြစ်တဲ့အတွက် လူကြီးမင်းတို့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ Google Workspace (ယခင် G Suite) ဝန်ဆောင်မှုများဖြစ်သော Custom Domain ပါဝင်သည့် Business Email များ၊ Cloud Storage နှင့် အခြား Productivity Tools များကို အသက်သာဆုံးနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။
Google နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ပါတနာဖြစ်တာကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းသက်သာရုံသာမက မြန်မာကျပ်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုပါ တစ်နေရာတည်းမှာ အဆင်ပြေပြေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
သာမန် Gmail ဆိုတာက တစ်ကိုယ်ရည်သုံး Personal သုံးဖို့ပဲ ရည်ရွယ်ထားတာမို့လို့ လုပ်ငန်းတစ်ခုအနေနဲ့ သုံးမယ်ဆိုရင် အကန့်အသတ်တွေ ရှိပါတယ်။
အဓိကအချက်ကတော့ လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ်ပုံရိပ် နဲ့ Data အတွက်ပါ။
ဝန်ထမ်းတစ်ယောက်ယောက် အလုပ်ထွက်သွားရင်တောင် သူ့အကောင့်ထဲက လုပ်ငန်းဖိုင်တွေ၊ မေးလ်တွေနဲ့ Customer Contact တွေကို ကုမ္ပဏီကနေ Admin Control စနစ် ကနေ လှမ်းပိတ်ပြီး ဒေတာအားလုံးကို ဝန်ထမ်းအသစ်ဆီ စနစ်တကျ ပြန်လွှဲယူလို့ရတယ်။
ကိုယ့်လုပ်ငန်း Domain နာမည်နဲ့ [email protected] ဆိုပြီး အီးမေးလ်သုံးနိုင်တဲ့အတွက် Customer / Partner တွေအပေါ် ယုံကြည်မှု တိုးစေသလို၊ သာမန် Gmail ထက် Storage ပမာဏ ပိုများများရလို့ ဖိုင်တွေအများကြီး စိတ်ကြိုက်သိမ်းလို့ရတယ်။
Google မှာ ကိုယ်တိုင် တိုက်ရိုက်ဝယ်တာနဲ့ ပါတနာဆီကဝယ်တာနဲ့က ငွေပေးချေမှုပုံစံနဲ့ ဈေးနှုန်းတွေက ကွာခြားပါတယ်။
အချို့သောကိစ္စတွေမှာ တစ်ခုခု အခက်အခဲရှိရင် Google Team ရဲ့ တိုက်ရိုက် Support ကိုတောင် စောင့်စရာမလိုပဲ ပါတနာရဲ့ ပြည်တွင်း Local Support Team ရဲ့ ကူညီပေးမှုနဲ့တင် အဆင်ပြေကြလေ့ရှိပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ cPanel Mail၊ Outlook သို့မဟုတ် သာမန် @gmail.com ထဲက Data (Mail only) တွေကို Google Workspace ရဲ့ Migration Tool တွေ သုံးပြီးWorkspace အသစ်ထဲကို ရွှေ့ပြောင်းလို့ရပါတယ်။
ကိုယ့်လုပ်ငန်း ဒိုမိန်း Domain (@yourcompany.com) နဲ့ အကောင့်အရေအတွက်ကို လိုသလောက် (အကောင့် ၁ ခုကနေ ထောင်ပေါင်းများစွာအထိ) စိတ်ကြိုက် တိုးချဲ့တည်ဆောက်နိုင်ပါတယ်ဗျာ။
ဝန်ထမ်းတစ်ယောက် ထွက်သွားရင် Admin Control Panel ကနေ အဲဒီအကောင့်ရဲ့ Password ကို ချက်ချင်း ပိတ်ပစ်လို့ရသလို၊ သူ သုံးခဲ့တဲ့ Email တွေ၊ Drive ထဲက ဖိုင်တွေကို အသစ်ဝင်လာမယ့် ဝန်ထမ်း (သို့မဟုတ်) Manager ရဲ့ အကောင့်ထဲကို ချက်ချင်း လွှဲပြောင်း (Data Transfer) ပေးလို့ရပါတယ်ဗျာ။ ပြီးရင် အဲဒီ လိုင်စင်နေရာမှာ ဝန်ထမ်းအသစ်ရဲ့ နာမည်နဲ့ အစားထိုးလဲလှယ်ပြီး ဆက်သုံးလို့ရတာကြောင့် လိုင်စင် အလဟဿ ဖြစ်ရခြင်း Data Lost ဖြစ်ခြင်း လုံးဝ မရှိပါ။
Google Workspace မှာ လုပ်ငန်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး Business Starter, Business Standard စသဖြင့် Plan အလိုက် ဈေးနှုန်း ကွာခြားမှု ရှိပါတယ်။
ငွေပေးချေမှုကိုတော့ ပုံမှန်အားဖြင့် တစ်နှစ်စာ (Annual Plan) အနေနဲ့ စာချုပ်ချုပ်ဆို ဝယ်ယူရလေ့ရှိပြီး၊ ဝန်ထမ်း တိုးလာတဲ့အခါမှာလည်း လိုအပ်သလို အကောင့်အရေအတွက် (Licenses) တွေကို ကြားထဲကနေ ထပ်တိုးပြီး ဝယ်ယူသွားလို့ ရပါတယ်။
ဒီဂျစ်တယ် မားကတ်တင်း
ဟုတ်ကဲ့... ရပါတယ် ဒါက ကျွန်တော်တို့ မြန်မာနက် (Myanmars Net) ရဲ့ ကျွမ်းကျင်မှုအရှိဆုံး အလုပ်တွေထဲက တစ်ခုဖြစ်လို့ လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။
လုပ်ငန်းအမျိုးအစားအလိုက် လူသိများလာစေဖို့နဲ့ ဝယ်ယူသူတွေ တိုးတက်လာစေဖို့အတွက် Google, Youtube နဲ့ Facebook ရဲ့ ကြော်ငြာစနစ်တွေကို စနစ်တကျ အသုံးပြုပြီး ထိထိရောက်ရောက် ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။ ကြော်ငြာထိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ဘက်က အခမဲ့ အကြံပြု ဆွေးနွေးပေးပါတယ်။
SEO (Search Engine Optimization) နဲ့ SEA (Search Engine Advertising) ဆိုတာ Google လို Search Engine တွေမှာ မိမိရဲ့ Website ကို လူသိများအောင် လုပ်တဲ့ Digital Marketing နည်းလမ်းတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကကွာခြားချက်ကတော့ ငွေကြေးစိုက်ထုတ်မှုနဲ့ ရလဒ်ပြသတဲ့နေရာ ဖြစ်ပါတယ်။
SEO ကတော့ မိမိ Website ရဲ့ Content (အကြောင်းအရာ) တွေကို ကောင်းမွန်အောင် ပြင်ဆင်ပြီး Google ရှာဖွေမှုရဲ့ Organic Results မှာ ထိပ်ဆုံးရောက်အောင် လုပ်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ရလဒ်ပြဖို့ အချိန် (လပေါင်းများစွာ) စောင့်ရလေ့ရှိပါတယ်။
SEA ကတော့ Google ကို ပိုက်ဆံပေးပြီး ရှာဖွေမှုစာမျက်နှာရဲ့ ထိပ်ဆုံး သို့မဟုတ် အောက်ခြေမှာ "Sponsored" (သို့မဟုတ်) "Ad" ဆိုတဲ့ အမှတ်အသားနဲ့ ကြော်ငြာပြသတဲ့နည်းလမ်း ဖြစ်ပါတယ်။ ပိုက်ဆံပေးတာနဲ့ ချက်ချင်း ရလဒ်ထွက်ပါတယ်။
အစပိုင်းမှာ ကိုယ်ဖန်တီးထားတဲ့ ကြော်ငြာစာသား၊ Design နဲ့ Target Audience တွေမှာ ဘယ်ဟာက ပိုပြီးအလုပ်ဖြစ်မလဲဆိုတာ မသိသေးပါဘူး။ အဲဒါကြောင့် စမ်းသပ်ကြော်ငြာစရိတ် (Testing Budget) အနေနဲ့ အနည်းဆုံး ပမာဏကနေပဲ စတင်သင့်ပါတယ်။
ငွေပမာဏအနေနဲ့ တစ်ရက်ကို ခန့်မှန်းခြေ ကျပ် ၂ သောင်းခွဲမှ ၅ သောင်းဝန်းကျင်၊ တစ်လစာအနေနဲ့ဆိုရင် ခန့်မှန်းခြေ ကျပ် ၇ သိန်းခွဲမှ ၁၅ သိန်းဝန်းကျင်လောက်ပေါ့။ နောက်တစ်ခုက ရလဒ်ကို သေချာသိနိုင်ဖို့ ကြော်ငြာတစ်ခုကို အနည်းဆုံး ၃ ရက်ကနေ ၇ ရက်အထိ run ကြည့်ထားပါ။ ရလဒ်ကောင်းတဲ့ ကြော်ငြာကို တွေ့ပြီဆိုမှ အဲဒီကြော်ငြာထဲကို ဘတ်ဂျက် ထပ်တိုးထည့်ပြီး ဆက်သွားရမှာပါ။
ကြော်ငြာတစ်ခု တကယ်အောင်မြင်၊ မအောင်မြင်ကို အဓိကအချက် (၃) ချက်နဲ့ တိုင်းတာရပါမယ်။ ပထမဆုံး ကိုယ့်ကြော်ငြာက လူဘယ်နှစ်ယောက်ဆီ ရောက်သွားလဲဆိုတဲ့ "မြင်တွေ့မှု (Reach)" နဲ့ ကြော်ငြာကို စိတ်ဝင်စားလို့ ဝင်ကြည့်သူ ဘယ်လောက်ရှိလဲဆိုတဲ့ "နှိပ်ကြည့်မှု (Clicks)" ကို နှိုင်းယှဉ်ရပါမယ်။ ဒုတိယအနေနဲ့ စုံစမ်းရုံတင်မကဘဲ အမှန်တကယ် ငွေပေးချေဝယ်ယူသူ သို့မဟုတ် Contact ချန်ထားသူ အရေအတွက်ဖြစ်တဲ့ "ရောင်းရမှု (Conversions)" နဲ့ တိုင်းတာရပါမယ်။ နောက်ဆုံးမှာတော့ သုံးလိုက်တဲ့ ကြော်ငြာခနဲ့ ပြန်ရလာတဲ့ ဝင်ငွေအချိုးအစား "ကြော်ငြာအမြတ်နှုန်း (ROAS)" ကို ကြည့်ပြီး ကမ်ပိန်းတွက်ခြေကိုက်၊ မကိုက် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အပေါ်ယံ Like သို့မဟုတ် View များရုံနဲ့ မလုံလောက်ပါဘူး။ ကြော်ငြာစရိတ် အနည်းဆုံးနဲ့ လုပ်ငန်းအတွက် အမှန်တကယ် "ရောင်းအားနဲ့ အမြတ်အစွန်း" တက်လာခြင်းကသာ ကြော်ငြာကမ်ပိန်းတစ်ခုရဲ့ စစ်မှန်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတာ တစ်ခုက ကြော်ငြာပိုင်းက ကောင်းမွန်နေရုံတင်မကဘဲ ရောင်းချမယ့် ကုန်ပစ္စည်း/ဝန်ဆောင်မှု ကိုယ်တိုင်ကလည်း လူတွေအတွက် အမှန်တကယ် အသုံးဝင်ပြီး အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကုန်ပစ္စည်းရဲ့ အားသာချက်နဲ့ ကြော်ငြာဗျူဟာ ကောင်းမွန်မှု မျှတနေမှပဲ အကောင်းဆုံး အရောင်းရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။
မေးခွန်းများ မေးမြန်းနိုင်ပါတယ်