Gmail Confidential Mode (လျှို့ဝှက်မုဒ်) ဆိုတာကတော့ အီးမေးလ်ကနေ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ စာချုပ်စာတမ်းတွေ ပို့ဆောင်တဲ့အခါ အချက်အလက် ပေါက်ကြားမှုမရှိစေဖို့အတွက် Google က ထည့်သွင်းပေးထားတဲ့ အလွန်အသုံးဝင်တဲ့ လုံခြုံရေးစနစ်တစ်ခု ဖြစ်ပါတယ်။

ဒီစနစ်ကို လက်ရှိ ၂၀၂၆ ခုနှစ်အထိ ပုံမှန်အတိုင်း စိတ်ချလက်ချ ဆက်လက်အသုံးပြုနိုင်ဆဲဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင် Gmail အကောင့်တွေမှာသာမက လုပ်ငန်းသုံး Google Workspace (ယခင် G Suite) အကောင့်တွေမှာပါ အသုံးပြုနိုင်ပါတယ်။

အဓိက လုပ်ဆောင်ချက်အနေနဲ့ အီးမေးလ် ပေးပို့သူက ကိုယ်ပေးပို့လိုက်တဲ့ မေးလ်ကို တစ်ဖက်လူက ဖတ်ရှုနိုင်မယ့် သက်တမ်း (Expiration Date) ကို ၁ ရက်ကနေ ၅ နှစ်အထိ စိတ်ကြိုက် သတ်မှတ်ထားနိုင်တယ်။ သတ်မှတ်ရက် ပြည့်သွားတာနဲ့ မေးလ်ထဲက စာသားတွေနဲ့ ပူးတွဲဖိုင် (Attachments) တွေအားလုံး အလိုအလျောက် ဖျက်သွားမှာ ဖြစ်ပါတယ်။

လျှို့ဝှက်မုဒ် နဲ့ ပို့လိုက်တဲ့ အီးမေးလ်တွေကို လက်ခံရရှိသူအနေနဲ့ တခြားသူထံ တစ်ဆင့်ပြန်လည်ပေးပို့ခြင်း (Forward)၊ စာသားများကို ကူးယူခြင်း (Copy)၊ Print ထုတ်ခြင်းနဲ့ ဖိုင်များကို ဒေါင်းလုဒ်ဆွဲခြင်း (Download) စတာတွေကို ပြုလုပ်လို့မရအောင် လုပ်ပေးထားပါတယ်။

“ တစ်ဖက်လူဆီ ရောက်သွားတဲ့ မေးလ်ကို သက်တမ်းသတ်မှတ်နိုင်ပြီး Forward, Copy, Print နဲ့ Download လုပ်လို့မရအောင် ပိတ်ပေးတဲ့ လုံခြုံရေးစနစ် ”မြန်မာနက်

ပိုကြမ်းတာက SMS Passcode စနစ်ကိုလည်း ထည့်သွင်းနိုင်ပြီး၊ တစ်ဖက်လူက မေးလ်ကို ဖွင့်ဖတ်ခါနီးမှာ Google ကနေ သူ့ရဲ့ဖုန်းနံပါတ်ဆီ SMS နဲ့ ပို့ပေးမယ့် OTP ကုဒ်ကို ရိုက်ထည့်မှသာ မေးလ်စာသားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လုပ်ငန်းသုံး Google Workspace အကောင့်တွေမှာတော့ ဒီ Feature ကို အသုံးပြုနိုင်ဖို့ ကုမ္ပဏီရဲ့ IT Admin က Admin Console ထဲမှာ ပိတ်မထားဖို့တော့ လိုအပ်ပါတယ်။

တစ်ခု သတိပြုရမှာက ဖွင့်ဖတ်နေတဲ့ အီးမေးလ်ကိုတော့ တစ်ဖက်လူက ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားလိုက်တာ Computer မှာ Screen Capture (စခရင်ရှော့) ရိုက်ပြီးသိမ်းလိုက်တာကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။