ကိုယ်ပိုင် လုပ်ငန်းအစပိုင်းအတွက် စမ်းသပ်ကာလမှာပဲ ဖြစ်ဖြစ်၊ ဘတ်ဂျက် တအား အကျပ်အတည်းရှိရင်ပဲ ဖြစ်ဖြစ် အလကားပေးတဲ့ Gmail ကို ခေတ္တသုံးနိုင်ပေမယ့်၊ Customer တွေနဲ့ တရားဝင် အလုပ်လုပ်တော့မယ်ဆိုရင်တော့ Google Workspace (သို့) တခြား ယုံကြည်ရတဲ့ Business Email Hosting တစ်ခုခုကို ပြောင်းသုံးတာက ရေရှည်အတွက် အကောင်းဆုံးပါ။
ဘာလို့ ရေရှည်အတွက် အကောင်းဆုံးလို့ပြောတာလဲဆိုတော့ အလကားရတဲ့ [email protected] နဲ့ လာတဲ့ Email တွေကို မြင်ရင် professional လုပ်နေကြတဲ့ လုပ်ငန်းတော်တော်များများက ကုမ္ပဏီက ဟုတ်ရောဟုတ်ရဲ့လားကွာ ယုံကြည်ရပါ့မလားဆိုပြီး သံသယဝင်တတ်ကြပါတယ်။
နံပတ် ၁ အနေတဲ့ ယုံကြည်စိတ်ချရမှု (Professional Credibility) လိုချင်ရင် ကိုယ်ပိုင် Domain နာမည်နဲ့ Email ကိုပဲသုံးပါ။ နောက် နံပါတ် ၂ အနေနဲ့က Brand တည်ဆောက်ခြင်း ပါ။ Email တစ်စောင် ပို့လိုက်တိုင်း ကိုယ့်လုပ်ငန်းရဲ့ နာမည် (Brand) ကို Customer ဆီ အမြဲ အော်တို ကြော်ငြာပြီးသား ဖြစ်နေမှာပါ။ ဒါက လုပ်ငန်းအမှတ်တံဆိပ်ကို လူသိပိုများစေပါတယ်။
“ Email တစ်စောင်ဆိုတာ စာသားသက်သက်မဟုတ်ပါဘူး.. လုပ်ငန်းရဲ့ ယုံကြည်ရမှု ပုံရိပ် (Brand Identity) ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင် Domain Email သုံးစွဲခြင်းက Customer တိုင်းကို ကိုယ့်လုပ်ငန်းရဲ့ ခိုင်မာမှုကို ပြသရာ ရောက်ပါတယ်။ ”မြန်မာနက်
နံပါတ် ၃ ကတော့ Security & Control ပါ။ ကိုယ့်ဝန်ထမ်းကို အလကားပေးတဲ့ Gmail တစ်ယောက်ချင်းစီကို ဖွင့်ပေးထားပေမယ့် ကိစ္စတစ်ခုခုကြောင့် ရုတ်တရက် အလုပ်ထွက်သွားချိန်မှာ data တွေနဲ့ အရေးကြီးတဲ့ အဆက်အသွယ်တွေပါ ပါသွားနိုင်ပါတယ်။ Business Email သုံးရင်တော့ Admin ကနေ အကုန်လုံးကို စနစ်တကျ ထိန်းချုပ်ပြီး သူ့အကောင့် ဝင်ခွင့်ကို ပိတ်ပစ်တာ၊ စကားဝှက်ပြောင်းတာတွေ လုပ်နိုင်ပါတယ်။
နောက်ဆုံး တစ်ခုကတော့ ကိုယ့်လုပ်ငန်းအယောင်ဆောင်ပြီး ကိုယ့်လုပ်ငန်းနာမည်နဲ့ ဆင်တူတဲ့ Gmail အတုတွေနဲ့ လိမ်လည်တာ (Scam) တွေ အလုပ်ခံရနိုင်ပါတယ်။ ကိုယ်ပိုင် Domain Email ရှိထားရင်တော့ အဲဒီပြဿနာကို တော်တော်လေး ကာကွယ်နိုင်ပါတယ်။


