Google Workspace Co-sell နှင့် Services Partner

Google Workspace Co-sell and Services Partner
Founded in 1998, Myanmars.NET stands as the earliest web developer and the largest web solution provider in Myanmar.

Google တရားဝင် ပါတနာ မြန်မာနက်ရဲ့ Google Workspace

မြန်မာနက် (Myanmar Net) ဟာ ၂၀၀၉ ခုနှစ်ကတည်းက Google ရဲ့ ယုံကြည်စိတ်ချရတဲ့ တရားဝင် Cloud Partner အဖြစ် ဆယ်စုနှစ်တစ်ခုကျော် တစိုက်မတ်မတ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံသာမက ထိုင်းနိုင်ငံမှာပါ အခြေစိုက်ထားတဲ့ ကျွန်တော်တို့ရဲ့ ရုံးခွဲအသီးသီးကနေတစ်ဆင့် မြန်မာ၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတစ်လွှားမှာရှိတဲ့ လုပ်ငန်းပေါင်းများစွာအတွက် Google Workspace Solutions တွေကို စိတ်အချရဆုံး ဝန်ဆောင်မှုပေးနေပါတယ်။

အတွေ့အကြုံရင့်ကျက်တဲ့ ကျွန်တော်တို့ရဲ့ Professional နည်းပညာအဖွဲ့သားတွေက ကိုယ့်လုပ်ငန်းအမည်နဲ့ professional ကျကျ သုံးနိုင်မယ့် Business Email (ဥပမာ – [email protected]) အကောင့်တွေ ပြုလုပ်ပေးတာ၊ စိတ်ချရတဲ့ Cloud Storage စီမံခန့်ခွဲမှုစနစ်တွေ တည်ဆောက်ပေးတာ အပါအဝင် Google Workspace ရဲ့ Feature အစုံအလင်ကို ကမ္ဘာ့အဆင့်မီ စံနှုန်းတွေအတိုင်း တစ်နေရာတည်းမှာတင် (One-Stop Service) အစအဆုံး အဆင်ပြေချောမွေ့အောင် အမြန်ဆုံး အကောင်အထည်ဖော် ပေးနေပါတယ်။

အရေးကြီး Email တွေ၊ ရုံးတွင်း Data အချက်အလက်တွေကို ပေါက်ကြားမှုမရှိဘဲ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားချင်တယ်၊ ဝန်ထမ်းအချင်းချင်း ချိတ်ဆက်လုပ်ကိုင်ရတာ အရင်ကထက် ပိုမိုသွက်လက်လာစေချင်တယ်ဆိုရင်တော့… အတွေ့အကြုံရှိတဲ့ မြန်မာနက်ရဲ့ Google Workspace ဝန်ဆောင်မှုတွေကို သုံးကြည့်ပါ။

INCLUDED IN OUR GOOGLE WORKSPACE SERVICES

Google Workspace ဝန်ဆောင်မှုမှာ ဘာတွေပါမလဲ

မြန်မာနက်ကနေ Google Workspace ကို ဝယ်ယူအသုံးပြုတဲ့အခါ ရိုးရိုး Email သုံးရုံတင်မဟုတ်ဘဲ လုပ်ငန်းတစ်ခုလုံးကို အရှိန်မြှင့်တင်ပေးသွားမယ့် Business Features တွေကို ရရှိမှာ ဖြစ်ပါတယ်
ppc
Business Email

ကိုယ့်လုပ်ငန်း နာမည်နဲ့ စိတ်ချရတဲ့ Business Email ကို အသုံးပြုနိုင်ပြီး ခိုင်မာတဲ့ လုပ်ငန်းရဲ့ ဆိုတာကို သက်သေပြ နိုင်ပါတယ်

Google Drive

လုပ်ငန်းအတွက် ဖိုင်တွေ၊ စာရွက်စာတမ်းတွေကို သိမ်းဆည်းဖို့ Cloud Storage ရရှိမှာဖြစ်ပြီး အချိန်နေရာမရွေး ကြည့်ရှုနိုင်ပါတယ်

Advanced Security

Google ရဲ့ ကမ္ဘာ့အဆင့်မီ Security စနစ်ကြောင့် Spam နှင့် Cyber Threats များရန်မှ စိတ်အချရဆုံး ကာကွယ်ပေးပါတယ်

Google Meet & Chat

ဝန်ထမ်းအချင်းချင်း၊ ဒါမှမဟုတ် Client တွေနဲ့ Video Meeting တွေ၊ လုပ်ငန်းသုံး Chat Room တွေကို အချိန်မရွေး ချိတ်ဆက်သုံးနိုင်ပါတယ်

Real-time Collaboration

Google Docs, Sheets, Slides တွေကို သုံးပြီး လုပ်ဖော်ကိုင်ဖက်တွေအားလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အသုံးပြုနိုင်တယ်

24/7 Google Support

နည်းပညာပိုင်း အခက်အခဲတွေရှိလာရင် မြန်မာနက် အပြင် Google ရဲ့ Professional Live Support (24/7) မှ ပံ့ပိုး ကူညီသွားမှာပါ

Google Workspace တည်ဆောက်ခြင်း

လူကြီးမင်းတို့ လုပ်ငန်းရဲ့ နည်းပညာပိုင်း အခြေအနေကို ဆွေးနွေးတိုင်ပင်ခြင်းမှသည် လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Google Workspace တစ်ခုလုံးကို စနစ်တကျ အကောင်အထည်ဖော်ပြီး တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်
မြန်မာနက်က ဂူဂယ်ရဲ့ Co-sell Partner ဆိုတော့ ဈေးသက်သာမှာပေါ့ ?

ဟုတ်ပါတယ်။ Google ရဲ့ တရားဝင် ပါတနာ (Official Google Partner) ဖြစ်တဲ့အတွက် လူကြီးမင်းတို့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ Google Workspace (ယခင် G Suite) ဝန်ဆောင်မှုများဖြစ်သော Custom Domain ပါဝင်သည့် Business Email များ၊ Cloud Storage နှင့် အခြား Productivity Tools များကို အသက်သာဆုံးနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။

Google နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ပါတနာဖြစ်တာကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းသက်သာရုံသာမက မြန်မာကျပ်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုပါ တစ်နေရာတည်းမှာ အဆင်ပြေပြေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သာမန် Gmail နဲ့ အခမဲ့ သုံးလို့ရနေတာကို ဘာလို့ ပိုက်ဆံပေးသုံးရမလဲ?

သာမန် Gmail ဆိုတာက တစ်ကိုယ်ရည်သုံး Personal သုံးဖို့ပဲ ရည်ရွယ်ထားတာမို့လို့ လုပ်ငန်းတစ်ခုအနေနဲ့ သုံးမယ်ဆိုရင် အကန့်အသတ်တွေ ရှိပါတယ်။ အဓိကအချက်ကတော့ လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ်ပုံရိပ် နဲ့ Data အတွက်ပါ။

ဝန်ထမ်းတစ်ယောက်ယောက် အလုပ်ထွက်သွားရင်တောင် သူ့အကောင့်ထဲက လုပ်ငန်းဖိုင်တွေ၊ မေးလ်တွေနဲ့ Customer Contact တွေကို ကုမ္ပဏီကနေ Admin Control စနစ် ကနေ လှမ်းပိတ်ပြီး ဒေတာအားလုံးကို ဝန်ထမ်းအသစ်ဆီ စနစ်တကျ ပြန်လွှဲယူလို့ရတယ်။

ကိုယ့်လုပ်ငန်း Domain နာမည်နဲ့ [email protected] ဆိုပြီး အီးမေးလ်သုံးနိုင်တဲ့အတွက် Customer / Partner တွေအပေါ် ယုံကြည်မှု တိုးစေသလို၊ သာမန် Gmail ထက် Storage ပမာဏ ပိုများများရလို့ ဖိုင်တွေအများကြီး စိတ်ကြိုက်သိမ်းလို့ရတယ်။

Google မှာ ကိုယ်တိုင် တိုက်ရိုက်ဝယ်တာနဲ့ (Partner) ဆီက ဝယ်တာ ဘာကွာလဲ ?

Google မှာ ကိုယ်တိုင် တိုက်ရိုက်ဝယ်တာနဲ့ ပါတနာဆီကဝယ်တာနဲ့က ငွေပေးချေမှုပုံစံနဲ့ ဈေးနှုန်းတွေက ကွာခြားပါတယ်။
အချို့သောကိစ္စတွေမှာ တစ်ခုခု အခက်အခဲရှိရင် Google Team ရဲ့ တိုက်ရိုက် Support ကိုတောင် စောင့်စရာမလိုပဲ ပါတနာရဲ့ ပြည်တွင်း Local Support Team ရဲ့ ကူညီပေးမှုနဲ့တင် အဆင်ပြေကြလေ့ရှိပါတယ်။

Hosting Mail / Gmail အဟောင်းထဲက Mail တွေကို Workspace ထဲ ရွှေ့လို့ရလား?

လက်ရှိ အသုံးပြုနေတဲ့ cPanel Mail၊ Outlook သို့မဟုတ် သာမန် @gmail.com ထဲက Data (Mail only) တွေကို Google Workspace ရဲ့ Migration Tool တွေ သုံးပြီးWorkspace အသစ်ထဲကို ရွှေ့ပြောင်းလို့ရပါတယ်။

ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားရင် အကောင့်ထဲက Data တွေ ဘယ်လိုဖြစ်မလဲ?

ဝန်ထမ်းတစ်ယောက် ထွက်သွားရင် Admin Control Panel ကနေ အဲဒီအကောင့်ရဲ့ Password ကို ချက်ချင်း ပိတ်ပစ်လို့ရသလို၊ သူ သုံးခဲ့တဲ့ Email တွေ၊ Drive ထဲက ဖိုင်တွေကို အသစ်ဝင်လာမယ့် ဝန်ထမ်း (သို့မဟုတ်) Manager ရဲ့ အကောင့်ထဲကို ချက်ချင်း လွှဲပြောင်း (Data Transfer) ပေးလို့ရပါတယ်ဗျာ။ ပြီးရင် အဲဒီ လိုင်စင်နေရာမှာ ဝန်ထမ်းအသစ်ရဲ့ နာမည်နဲ့ အစားထိုးလဲလှယ်ပြီး ဆက်သုံးလို့ရတာကြောင့် လိုင်စင် အလဟဿ ဖြစ်ရခြင်း Data Lost ဖြစ်ခြင်း လုံးဝ မရှိပါ။

Plan တွေက ဘယ်လိုရှိလဲ? တစ်လချင်း ပေးရတာလား၊ တစ်နှစ်စာ ပေးရတာလား?

Google Workspace မှာ လုပ်ငန်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး Business Starter, Business Standard စသဖြင့် Plan အလိုက် ဈေးနှုန်း ကွာခြားမှု ရှိပါတယ်။

ငွေပေးချေမှုကိုတော့ ပုံမှန်အားဖြင့် တစ်နှစ်စာ (Annual Plan) အနေနဲ့ စာချုပ်ချုပ်ဆို ဝယ်ယူရလေ့ရှိပြီး၊ ဝန်ထမ်း တိုးလာတဲ့အခါမှာလည်း လိုအပ်သလို အကောင့်အရေအတွက် (Licenses) တွေကို ကြားထဲကနေ ထပ်တိုးပြီး ဝယ်ယူသွားလို့ ရပါတယ်။

အကောင့်ဝယ်ရင် ချုပ်ဆိုတဲ့ စာချုပ်က မြန်မာနက်ရဲ့ စာချုပ်လား? Google ရဲ့ စာချုပ်လား?

လူကြီးမင်းတို့ ဝယ်ယူအသုံးပြုမည့် Google Workspace အကောင့်တွေရဲ့ ဒေတာလုံခြုံရေး၊ မူပိုင်ခွင့်၊ အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များနှင့် (ဥပဒေကြောင်းအရ သဘောတူညီမှုအားလုံးသည်) Google ရဲ့ တရားဝင် စည်းမျဉ်းများ (Standard သို့မဟုတ် Premier Terms) အတိုင်းသာ ဖြစ်ပါသည်။

Google မှ မြန်မာနက် (Myanmar Net) ကို အသိအမှတ်ပြု Partner တစ်ဦးအဖြစ် ပေးအပ်ထားသော လုပ်ပိုင်ခွင့်များမှာ အကောင့်ဝယ်ယူပေးခြင်း၊ ငွေပေးချေမှု ပံ့ပိုးပေးခြင်းနှင့် အခြေခံ (အခြေခံ) နည်းပညာ အကူအညီ ပေးခြင်းတို့ကိုသာ ပေးအပ်ထားပါသည်။

မြန်မာနက်နဲ့ Google Workspace သုံးပါ

တရားဝင် Cloud Partner ဖြစ်တဲ့ မြန်မာနက်ကို ရွေးချယ်တဲ့အခါ လုပ်ငန်းရှင်တွေအတွက် အောက်ပါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ အာမခံချက် ပေးထားပါတယ်
၂၀၀၉ ခုနှစ်ကတည်းက ရပ်တည်လာတဲ့ သက်တမ်းရင့် Google Official Cloud Partner ဖြစ်ခြင်း
ကိုယ့်လုပ်ငန်း Domain နာမည်နဲ့ Professional ဆန်တဲ့ Business Email (Gmail) ကို အမြန်ဆုံး တည်ဆောက်ပေးနိုင်ခြင်း
မြန်မာ၊ ထိုင်း၊ စင်ကာပူ ရုံးခွဲများရှိ လုပ်ငန်းပေါင်းများစွာကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနေခြင်း
၉၉.၉% Uptime ရရှိအောင် Google ရဲ့ ကမ္ဘာ့အဆင့်မီ နည်းပညာဖြင့် Google မှ အာမခံခြင်း
Hosting Mail / Gmail အဟောင်းထဲက Data (Mail only) ကို Workspace ထဲကို ရွှေ့ပြောင်းပေးနိုင်ခြင်း
လုပ်ငန်းတိုးချဲ့လာသည်နှင့်အမျှ Plan များကို အချိန်မရွေး လွယ်ကူစွာ အဆင့်မြှင့်တင် (Upgrade) နိုင်ခြင်း
ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အစရှိသည့် မည်သည့် Device မျိုးမဆို လုံခြုံစိတ်ချစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း
Work Space ကို သုံးနေတဲ့ ဝန်ထမ်းတစ်ဦးချင်းစီ၏ ဖုန်း သို့မဟုတ် ကွန်ပျူတာ ပျောက်ဆုံးသွားပါက ကုမ္ပဏီ Data များကို Admin Panel မှနေ၍ အဝေးမှ လှမ်းဖျက် (Remote Wipe) နိုင်ခြင်း
1
+
ဝန်ဆောင်မှု့ပေးခဲ့သည် လုပ်ငန်းပေါင်း
1
တရားဝင် Cloud Partner ဖြစ်ခဲ့သည့်နှစ်
1
လက်ရှိ ရောင်းချပေးနေသည့် နိုင်ငံပေါင်း
package table

Choose A Plan Fits Your Size

လူကြီးမင်းရဲ့ လုပ်ငန်း ပမာဏနဲ့ လိုအပ်ချက်အလိုက် အသင့်တော်ဆုံး ဖြစ်စေနိုင်တဲ့ Wrokspace အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီ
POPULAR

Google Business Starter

30 GB Cloud storage / User
ကိုယ်ပိုင် Domain နဲ့ Professional Email အသုံးပြုဖို့ အပြင် Cloud ဒေတာသိမ်းချင်တဲ့ လုပ်ငန်းစတင်သူများအတွက်
  • 100 participant video meetings
  • Custom and secure business email
  • 30 GB pooled storage per user
  • Security and management controls
  • Standard Support
  • Video meetings Up to 24 hr/time
  • Gemini AI in Gmail and Chat
  • NotebookLM (Standard)
  • Video meetings Recording
  • Gemini AI in Docs, Drive, Slides, Sheets, Meet.
  • Noise Cancellation
  • Google Workspace Cloud Search
  • Paid upgrade to Enhanced Support
  • Google Vault
  • Advanced Endpoint Management
  • Video meetings attendance tracking

Google Business Standard

2000 GB Cloud storage (2 TB) / User
Storage ပမာဏများများ နဲ့ ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ Cloud ကို ပိုမိုထိရောက်စွာ အသုံးချလိုတဲ့ လုပ်ငန်းများအတွက်
  • 150 participant video meetings
  • Custom and secure business email
  • 2000 GB (2 TB) pooled storage per user
  • Security and management controls
  • Standard Support
  • Video meeting Up to 24 hr/time
  • Gemini AI in Gmail and Chat
  • NotebookLM (Plus)
  • Video meetings Recording
  • Gemini AI in Docs, Drive, Slides, Sheets, Meet
  • Noise Cancellation
  • Google Workspace Cloud Search
  • Paid upgrade to Enhanced Support
  • Google Vault
  • Advanced Endpoint Management
  • Video meetings attendance tracking

Google Business Plus

5000 GB Cloud storage (5 TB) / User
Storage ပမာဏ ကြီးကြီး၊ လုပ်ငန်းပိုင်ဒေတာတွေကို ပိုမိုတင်းကျပ်ပြီး အဆင့်မြင့်လုံခြုံရေး စီမံခန့်ခွဲမှုစနစ် လိုအပ်သည့် လုပ်ငန်းများအတွက်
  • 500 participant video meetings
  • Custom and secure business email
  • 5000 GB (5TB) pooled storage per user
  • Security and management controls
  • Standard Support
  • Video meeting Up to 24 hr/time
  • Gemini AI in Gmail and Chat
  • NotebookLM (Plus)
  • Video meetings Recording
  • Gemini AI in Docs, Drive, Slides, Sheets, Meet
  • Noise Cancellation
  • Google Workspace Cloud Search
  • Paid upgrade to Enhanced Support
  • Google Vault
  • Advanced Endpoint Management
  • Video meetings attendance tracking

Google Enterprise

Unlimited On-demand storage
အချက်အလက် သိမ်းဆည်းမှု ပမာဏ ကန့်သတ်ချက်မရှိဘဲ (Unlimited)၊ အဖွဲ့အစည်းကြီးများအတွက် အဆင့်မြင့်ဆုံး လုံခြုံရေးစနစ်၊ ဒေတာထိန်းသိမ်းမှု (Vault) နှင့် AI နည်းပညာများကို အပြည့်အဝ အသုံးပြုလိုသည့် လုပ်ငန်းကြီးများအတွက်
  • Custom and secure business email + eDiscovery, retention, S/MIME encryption
  • 1000 participant video meetings + recording, attendance tracking, noise cancellation, in-domain live streaming
  • On-demand storage
  • Advanced security, management, and compliance controls, including Vault, DLP, data regions, and enterprise endpoint management
  • Enhanced Support (paid upgrade to Premium Support)
  • Google Workspace search system
  • Gemini AI tools that can help you work more efficiently in Gmail, Docs, Drive, Slides, Sheets, Meet, and Chat.
  • NotebookLM Standard / Plus - AI-powered data assistants from secure and relevant internal sources, allowing you to add more data sources and ask more questions.

Contact Us

မြန်မာနက်ရဲ့ ကျွမ်းကျင်တဲ့ IT ပညာရှင်များမှ အရည်အသွေးမြင့် ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်း (Web Development) နှင့် SEO, SEA ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဂူဂယ်၏ စံချိန်စံညွှန်းများနှင့်အညီ Google Workspace Solutions များ၊ ဂူဂယ်ကြော်ငြာ (Google Ads)၊ ဒီဂျစ်တယ်မားကတ်တင်း (Digital Marketing)၊ ပရော်ဖက်ရှင်နယ် ဒိုမိန်းမှတ်ပုံတင်ခြင်း (Professional Domain Registration)၊ ကိုယ်ပိုင် လုပ်ငန်းသုံး AI Assistant ဝန်ဆောင်မှု (Custom AI Assistant Solutions) နှင့် စိတ်ချရသော Secure Hosting ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၀ ကျော်ရှိ လုပ်ငန်းများ အဖွဲ့အစည်းများ အတွက် ဝန်ဆောင်မှုပေးနေပါတယ်။

Contact Us

Shopping Cart

No products in the cart.