ဆယ်စုနှစ်တစ်ခုစာ မြန်မာ့ခရီးသွားကဏ္ဍရဲ့ ခေတ်ရှေ့ပြေး Multi-Platform Media
ပေါ်ပေါက်ခဲ့တဲ့ နည်းပညာ Trend တိုင်းကို (Print, Web, CD မှသည် App အထိ) အမိအရ ဖမ်းဆုပ်ပြီး ခေတ်ကို ဦးဆောင်ခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ခရီးသွား Digital & Print Media ကဏ္ဍမှာ ပထမဆုံးအကြိမ်အဖြစ် အလုံးစုံစုံလင်လင်နဲ့ အောင်မြင်မှုစံချိန်တင်နိုင်ခဲ့တဲ့ ခေတ်ရှေ့ပြေး Ecosystem ကြီးတစ်ခုအဖြစ် မြန်မာနက်ရဲ့ သမိုင်းမှတ်တိုင်ပဲ ဖြစ်ပါတယ်
MTI Travel Guide Book နှင့် Website
အင်တာနက် အကန့်အသတ်ရှိသော မြန်မာနိုင်ငံရဲ့ ခေတ်ဦးကာလမှစပြီး Print Media ကော Digital Media ပါ တစ်ပြိုင်နက် လွှမ်းမိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားများ မရှိမဖြစ် ဆောင်ထားရသည့် လမ်းညွှန်စာအုပ်နှင့်အတူ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်မလာခင် အဓိက ရှာဖွေရသည့် သတင်းအချက်အလက် Portal ဖြစ်ခဲ့။
- နှစ်စဉ် Update ထုတ်ဝေသော စာအုပ်: ဟိုတယ်၊ စားသောက်ဆိုင်နှင့် အရေးပေါ်အချက်အလက်များအထိ တိကျစွာ စုစည်းမှု။
- ခေတ်ဦး ခရီးသွား Travel Portal: Google မှာ မြန်မာပြည်အကြောင်း ရှာဖွေလျှင် ထိပ်ဆုံးက ထွက်လေ့ရှိသော ဝက်ဘ်ဆိုက်
- ခရီးသွား လုပ်ငန်းရှင်များ ယုံကြည်စိတ်ချရမှု: ပြည်တွင်း ခရီးသွားလုပ်ငန်းများနှင့် ခရီးသည်များကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ခြင်း။
Multimedia Interactive CD/DVD
အင်တာနက်လိုင်း မကောင်းသေးသောခေတ်တွင် အချက်အလက်နှင့် ရုပ်သံ Content များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် ဆန်းသစ်စွာ ဖန်တီးခဲ့သည့် နည်းပညာ ဖြစ်ပါတယ်။ ကွန်ပျူတာထဲ ထည့်သွင်းပြီး မြန်မာပြည်အလှအပများကို တစ်နေရာတည်းကနေ ကလစ်ခေါက်ပြီး ကြည့်ရှုနိုင်အောင် ဖန်တီးခဲ့ပါတယ်။
- Interactive စနစ်: ကွန်ပျူတာထဲ ထည့်ရုံဖြင့် Multi-media စနစ်ဖြင့် အလစ်နှိပ် အသုံးပြုနိုင်ခြင်း။
- ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများ: မြန်မာပြည်ရဲ့ လှပသော ခရီးစဉ်ဒေသ ဗီဒီယိုများနှင့် အချက်အလက်များစွာ စုစည်းထားမှု။
- Offline အားသာချက်: အင်တာနက်လိုင်း လုံးဝမလိုဘဲ နိုင်ငံခြားသားများနှင့် ဧည့်လမ်းညွှန်များ အလွယ်တကူ အသုံးပြုနိုင်ခြင်း။
MTI ခရီးသွား Mobile Application
၂၀၁၁ – ၂၀၁၂ ဝန်းကျင် မြန်မာနိုင်ငံသို့ Android မိုဘိုင်းလ်ဖုန်းများ စတင်ဝင်ရောက်လာသည့် အကူးအပြောင်း ကာလတွင်လည်း ခေတ် Trend ကို နောက်ကျမကျန်ခဲ့ဘဲ လျင်လျင်မြန်မြန် ထိုးဖောက်ထုတ်လုပ်ခဲ့သော အော့ဖ်လိုင်းသုံး Travel App ဖြစ်ခဲ့ပါတယ်။
- မိုဘိုင်းလ်ခေတ်ဦး လမ်းညွှန်: စမတ်ဖုန်းများ ပေါ်ပြူလာဖြစ်စအချိန်တွင် Mobile မီဒီယာထဲကို အမြန်ဆုံး ခြေလှမ်းလှမ်းနိုင်ခဲ့ခြင်း။
- Offline App ဘဝဖြင့် အသုံးပြုနိုင်ခြင်း: အင်တာနက်မလိုဘဲ ဖုန်းထဲတွင် ခရီးသွားလမ်းညွှန် အချက်အလက်များကို အချိန်မရွေး ဖတ်ရှုနိုင်ခြင်း။
- သွားလေရာ သယ်ဆောင်နိုင်မှု: စာအုပ်အနေနဲ့ သယ်စရာမလိုတော့ဘဲ ဖုန်းထဲတင် ပြီးပြည့်စုံစွာ ပါဝင်လာခြင်း။