Facebook Ads Services - ဖေ့စ်ဘွတ်ခ် ကြော်ငြာ ဝန်ဆောင်မှု

Facebook Ads Services
Founded in 1998, Myanmars.NET stands as the earliest web developer and the largest web solution provider in Myanmar.

မြန်မာနက်ရဲ့ Facebook ဖေ့စ်ဘွတ်ခ် ကြော်ငြာ ဝန်ဆောင်မှု

 

ဒေတာအချက်အလက် စစ်တမ်းများအရ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ ၈၀ ရာခိုင်နှုန်းကျော်က Facebook ကို နေ့စဉ်ပုံမှန် အသုံးပြုနေကြပြီး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော်ကလည်း သူတို့ရဲ့ Brand Awareness နဲ့ အရောင်းမြှင့်တင်ရေးတွေအတွက် Facebook Ads ကို အဓိကထား အားကိုးနေကြပါတယ်။ Facebook Ads ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ကိုယ်ရည်ရွယ်ထားတဲ့ သူတွေ (Target Audience) ရဲ့ အသက်အရွယ်၊ နေရာဒေသ၊ စိတ်ဝင်စားမှုနဲ့ အပြုအမူတွေကို တိတိကျကျ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ စျေးကွက်စစ်တမ်းတွေအရ သေချာစီမံထားတဲ့ Facebook ကြော်ငြာ Campaign တွေဟာ ရိုးရိုး Post တွေထက် အရောင်းအဝယ်ဖြစ်မြောက်မှုနှုန်း (Conversion Rate) ကို ၉.၂၁ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်စေနိုင်ပြီး၊ လုပ်ငန်းသဘာဝအပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ် (Return on Investment – ROI) ကို ၁၅၀ ရာခိုင်နှုန်းကနေ ၄၀၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိနိုင်ကြောင်း တွေ့ရပါတယ်။

ဒီလိုအောင်မြင်မှုတွေ ရရှိဖို့အတွက် ယခုနောက်ပိုင်းမှာ အရေးအကြီးဆုံးကတော့ ကြော်ငြာငွေထည့်ရုံသက်သက် မဟုတ်ဘဲ ဆွဲဆောင်မှုရှိပြီး အရည်အသွေးမြင့်မားတဲ့ Content တွေ၊ ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်းတွေနဲ့သာ ပစ်မှတ်ကို ထိရောက်စွာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနက်ရဲ့ ကျွမ်းကျင်တဲ့ Digital Marketing အဖွဲ့သားတွေက သင့်လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကြော်ငြာ မဟာဗျူဟာတွေကို အစအဆုံး တာဝန်ယူ ဖန်တီးစီမံပေးနေပါတယ်။

FACEBOOK ADS CAMPAIGN MANAGEMENT SERVICES

ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာထိုးပြီး အကျိုးရှိအောင်လုပ်မယ်

အချိန်ယူရတဲ့ ရိုးရိုးနည်းလမ်းတွေထက်၊ အရည်အသွေးမြင့်မားတဲ့ Content တွေနဲ့ ပေါင်းစပ်ပြီး ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို အမှန်တကယ် လိုအပ်နေသူတွေရဲ့ မျက်စိရှေ့ ကို ချက်ချင်း ရောက်အောင် လုပ်မယ်
ppc
Audience Targeting

Customer တွေရဲ့ အသက်၊ နေရာ၊ စိတ်ဝင်စားမှု နဲ့ အပြုအမူ (Behaviors) တွေကို တိတိကျကျ ရွေးချယ်ပြီး ကြော်ငြာပြသပေးခြင်း

Budget Optimization

သုံးစွဲမယ့် ကြော်ငြာဘတ်ဂျက်နဲ့ အကောင်းဆုံး ရလဒ် (Messages, Leads, Engagement) ရရှိအောင် စီမံခန့်ခွဲပေးခြင်း

High-Quality Content Strategy

ယခုခေတ်မှာ အရေးအပါဆုံးဖြစ်တဲ့ ဆွဲဆောင်မှုရှိသော ရုပ်ထွက်နဲ့ Content အရေးအသားတွေနဲ့ ပစ်မှတ်ကို ထိရောက်စွာ ဆွဲဆောင်ခြင်း

Multi-Platform Placement

Facebook သာမက Instagram, Messenger နဲ့ Audience Network စတဲ့ နေရာစုံကို ကြော်ငြာတွေ ရောက်ရှိမှာပါ

Advanced Retargeting

ကိုယ့် Page ကို ဝင်ကြည့်ဖူးသူတွေ၊ လုပ်ဆောင်ချက်တခုခု လုပ်ခဲ့ဖူးသူတွေကို ရည်စူးပြီး ရောင်းအားပြောင်းလဲမှု ပိုမိုရရှိစေခြင်း

Transparent Reporting

ရောင်းအားတက်စေပြီး Brand Identity ကိုပါ လူတွေပိုသိစေချင်ရင် Facebook မှာ ကြော်ငြာပါ

ရောင်းအားတက်စေပြီး Brand Identity ကိုပါ လူတွေပိုသိစေချင်ရင် Facebook မှာ ကြော်ငြာပါ

လူမှုကွန်ရက် အသုံးပြုသူ သန်းပေါင်းများစွာရှိတဲ့ Facebook ပေါ်မှာ ကိုယ့်လုပ်ငန်းကို အမြဲမြင်တွေ့နေစေဖို့ မြန်မာနက်မှ အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်
Facebook Ads မှာ ကြော်ငြာဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ?

သာမန်အားဖြင့် Page တစ်ခုနဲ့ ရောင်းချင်တဲ့ ပစ္စည်းရှိရုံနဲ့ ကြော်ငြာလို့ရပြီလို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ အရေးအကြီးဆုံးက ပြိုင်ဘက်တွေကြားထဲကနေ ဖောက်သည်ကို ဖမ်းဆွဲထားနိုင်မယ့် "Irresistible Offer" (မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှု) တစ်ခု ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။
အခုခေတ်မှာ ကြော်ငြာတွေ များလွန်းတဲ့အတွက် သာမန်ရိုးကျ ရောင်းတဲ့ပုံစံတွေက အလုပ်မဖြစ်တော့ဘဲ လူတွေရဲ့ ပြဿနာကို တကယ်ဖြေရှင်းပေးနိုင်တဲ့ အရည်အသွေးမြင့် Content တွေ၊ စိတ်ဝင်စားစရာ Storytelling တွေကို မြန်မာနက်နဲ့အတူတူ ကြိုတင်ပြင်ဆင်ထားမှသာ ကြော်ငြာစရိတ် သက်သာပြီး ထိရောက်တဲ့ ရလဒ်ကို ရရှိမှာပါ။

Facebook ကြော်ငြာအတွက် Budget ဘယ်လောက်ရှိဖို့ လိုအပ်လဲ?

ကြော်ငြာခကို "အကုန်အကျ" လို့ မမြင်ဘဲ လုပ်ငန်းအတွက် အချက်အလက် (Data) ကို "ဝယ်ယူရင်းနှီးမြှုပ်နှံခြင်း" လို့ ရှုမြင်စေချင်ပါတယ်။ ဘတ်ဂျက် အများကြီးသုံးမှ ရောင်းရတာမျိုး မဟုတ်ဘဲ တစ်လကို ဒေါ်လာ ၅၀ အနည်းငယ်ကနေ စတင်ပြီး မှန်ကန်တဲ့ Content နဲ့ Target ကို စမ်းသပ် (A/B Testing) လုပ်ကာ အလုပ်ဖြစ်တဲ့ ကြော်ငြာမျိုးကိုမှ ဘတ်ဂျက် ထပ်တိုးမြှင့်တာက အကောင်းဆုံး ဗျူဟာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ အရွယ်အစားနဲ့ မျှော်မှန်းတဲ့ ရလဒ်အပေါ် မူတည်ပြီး အကျိုးအမြတ် (ROI) အများဆုံး ပြန်ရနိုင်မယ့် စိတ်ကြိုက် ဘတ်ဂျက်ပမာဏကို မြန်မာနက်ကအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။

ကြော်ငြာ Performance ကို ဘယ်လို တိုင်းတာသိရှိနိုင်မလဲ?

Facebook ကြော်ငြာတွေရဲ့ Performance (စွမ်းဆောင်ရည်) ကို တိုင်းတာဖို့အတွက် အဓိကအားဖြင့် Facebook Ads Manager Dashboard မှာရှိတဲ့ Metrics (တိုင်းတာမှုစံနှုန်း) တွေကို ကြည့်ပြီး စနစ်တကျ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မိမိရဲ့ ကြော်ငြာဗီဒီယို ဒါမှမဟုတ် ပို့စ်ကို လူဘယ်နှစ်ယောက်ဆီ ရောက်သွားလဲဆိုတာကို Reach (လူဦးရေ) နဲ့ Impressions (အကြိမ်ရေ) တို့ကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။ ထိုသို့ ရောက်ရှိသွားတဲ့အထဲကမှ လူတွေ စိတ်ဝင်စားမှု ရှိ၊ မရှိကိုတော့ Click-Through Rate (CTR) (နှိပ်သူရာခိုင်နှုန်း) နဲ့ Engagement (Like, Comment, Share လုပ်မှု) တန်ဖိုးတွေအပေါ် မူတည်ပြီး တိုင်းတာရမှာ ဖြစ်ပါတယ်။

Target Audience တွေကို ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်ပေးမှာလဲ?

Target Audience ရွေးတယ်ဆိုတာ တကယ်တော့ "ကိုယ့်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို ဘယ်သူဝယ်မှာလဲ" ဆိုတာကို လူရွေးတာပါပဲ။
အဲလိုရွေးဖို့အတွက် အဓိကအချက် ၄ ချက်ကို စဉ်းစားရမှာပါ။ ပထမဆုံးက "ဘယ်သူတွေလဲ" ဆိုတဲ့ အသက်၊ ကျား/မ နဲ့ သူတို့ရဲ့ ဝင်ငွေအခြေအနေကို ကြည့်ရမယ်။ ဒုတိယက "ဘယ်နားမှာ နေတဲ့သူတွေလဲ" ဆိုတဲ့ ရန်ကုန်၊ မန္တလေး သို့မဟုတ် ကိုယ်ရောင်းချင်တဲ့ မြို့၊ နယ်မြေကို သတ်မှတ်ရမယ်။ တတိယကတော့ "ဘာ ဝါသနာပါလဲ" ဆိုတဲ့ သူတို့ စိတ်ဝင်စားတဲ့အရာ (ဥပမာ- နည်းပညာ၊ ဖက်ရှင်၊ ခရီးသွားတာ) ကို ရွေးရမယ်။ နောက်ဆုံးကတော့ "အွန်လိုင်းပေါ်မှာ ဘာလုပ်တတ်လဲ" ဆိုတဲ့ ဖုန်းအမြဲသုံးလား၊ အွန်လိုင်းကနေ ပစ္စည်းပုံမှန် ဝယ်နေကျလူ ဖြစ်လားဆိုတဲ့ အကျင့်တွေကို ကြည့်ပြီး ရွေးရမှာပါ။

ဒီအချက်တွေကို ပေါင်းပြီး တကယ် အဓိပ္ပာယ်ဖော်လိုက်ရင် "အသက် ၃၀ ဝန်းကျင်ကွာ ရန်ကုန်မှာနေပြီး၊ အွန်လိုင်းကနေဆက်သွယ်ပြီး ခရီးသွားဖို့ စိတ်ဝင်စားတဲ့သူ" ဆိုပြီး ကွက်တိ ကိုယ်လိုချင်တာ ပုံဖော်ပြီးသား Target Audience ဖြစ်သွားတာပါ။

Message တွေ၊ Lead တွေ ပိုရလာဖို့ ဘယ်လိုလုပ်ဆောင်ပေးမလဲ?

ရှင်းပါတယ်...ပထမဆုံးကတော့ လူတွေ ဖုန်းပွတ်ရင်း တန်းကနဲ အကြည့်ရပ်သွားအောင် ပုံလှလှလေးတွေ၊ ဗီဒီယိုလန်းလန်းလေးတွေနဲ့ စာသားကိုလဲ အလန်းစား ရေးရမယ်။ ပြီးရင်တော့ "အခုပဲ စာပို့လိုက်ပါ" ဆိုတဲ့ Message Button တွေကို လူမြင်သာအောင် အထင်းသား ပြထားရမယ်။
နောက်ထပ်အရေးအကြီးဆုံးကတော့ Customer က အဲဒီခလုတ်ကို နှိပ်လိုက်တဲ့အခါ မေးခွန်းတွေ အများကြီးနဲ့ ရှုပ်မနေဘဲ တစ်ချက်၊ နှစ်ချက် နှိပ်ရုံနဲ့ အလွယ်တကူ စာပို့လို့ရအောင် လမ်းကြောင်းကို ရှင်းနေအောင် လုပ်ပေးထားဖို့ လိုပါတယ်။ နောက်ပြီး သူတို့ စာပို့ပို့ချင်းမှာလည်း စောင့်မနေရဘဲ ချက်ချင်း အလိုအလျောက် ပြန်စာ (Chatbot) ဝင်သွားအောင် လုပ်ထားပေးရင် လူတွေက ပိုသဘောကျပြီး စာတွေ၊ Lead တွေ အများကြီး ပိုရလာမှာ။

Content နဲ့ Artwork တွေကို ဘယ်လို ပံ့ပိုးပေးမှာလဲ?

ဒီကနေ့ခေတ် ဒစ်ဂျစ်တယ်စျေးကွက်မှာ နည်းပညာပိုင်းချည်းပဲ အားကိုးလို့မရတော့ဘဲ အရည်အသွေးမြင့် Content ဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်လာတာကို မြန်မာနက်က သိရှိထားပါတယ်။ ဒါကြောင့် သာမန် Graphic Design မျိုးလောက်သာ မဟုတ်ဘဲ ဖုန်းပွတ်နေသူကို ချက်ချင်း ရပ်ကြည့်သွားစေမယ့် "Thumb-stopping Visuals" တွေနဲ့ ရောင်းအားကို တိုက်ရိုက်မြှင့်တင်ပေးမယ့် Graphic နဲ့ Content တွေကို ဖန်တီးပေးပါတယ်။

ကိုယ့်လုပ်ငန်းရဲ့ Brand Identity ကို အပြည့်အဝ ထင်ဟပ်စေမယ့် ရုပ်ထွက်ဒီဇိုင်းတွေနဲ့ လူတွေကျလောက်တဲ့ စာသားတွေကို မီဒီယာ သဘောတရားတွေနဲ့ပါ အချိုးကျကျ ပေါင်းစပ်ပြီး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

1
+
ဝန်ဆောင်မှု့ပေးခဲ့သည် ဒိုမိန်းနှင့် ဝဘ်ဆိုဒ်
1
မြန်မာနက်စတင် တည်ထောင်ခဲ့သည့်နှစ်
1
လက်ရှိ ရောင်းချပေးနေသည့် နိုင်ငံပေါင်း
ကြော်ငြာဖိုး ၁ သောင်းသုံးရင် ၁ သောင်းဖိုး ပြန်ရတာဟာ Marketing မဟုတ်ပါဘူး။ အတိအကျ တွက်ချက်ထားတဲ့ Data တွေ၊ မြင်တာနဲ့ ရပ်ကြည့်သွားစေမယ့် အရည်အသွေးမြင့် Content တွေ ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်သုံးလိုက်တဲ့ ကြော်ငြာခ ၁ ကျပ်တိုင်းဟာ ၃၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ (300% to 500% Return on Ad Spend) ပြန်လည်ရရှိနိုင်ပါတယ်။ ဒါဟာ ခန့်မှန်းချက်မဟုတ်ဘဲ ကမ္ဘာ့ထိပ်တန်း စစ်တမ်းတွေက သက်သေပြထားတဲ့ အမှန်တရားပါ။
လူတွေရဲ့ သတင်းစီးဆင်းမှု (Newsfeed) ထဲမှာ ကြော်ငြာတွေ များပြားနေပေမယ့် ဖတ်သူကို ချက်ချင်း ရပ်ကြည့်သွားစေမယ့် (Scroll-Stopping) အရည်အသွေးမြင့် Content တွေကို အဓိကထား ဖန်တီးပါတယ်။ သာမန် ကြော်ငြာထိုးခြင်းမျိုး မဟုတ်ဘဲ ဖောက်သည်တွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ Content တွေနဲ့ Facebook ရဲ့ AI Targeting ကို ပေါင်းစပ်ပြီး အထိရောက်ဆုံး ဆွဲဆောင်ပေးပါတယ်။
ကြော်ငြာတစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးရုံနဲ့ ချက်ချင်းဝယ်ယူသူဟာ ၃% သာ ရှိပါတယ်တဲ့။ ကျန်တဲ့ ၉၇% က ကိုယ်နဲ့ ကိုယ့်ရဲ့ပြိုင်ဘက်ကို နှိုင်းယှဉ်လေ့လာလေ့ရှိပါတယ်။ မြန်မာနက်ရဲ့ စနစ်တကျ ကြော်ငြာခြင်း (Advanced Retargeting) နည်းပညာက ကိုယ့်ကို စိတ်ဝင်စားခဲ့ဖူးသူတိုင်းရဲ့ လက်ထဲက ဖုန်းစခရင်ပေါ်မှာ ကိုယ့် Brand ကို "ဒစ်ဂျစ်တယ် ဘေလ်ဘုတ်" တစ်ခုလို နေရာယူစေမှာ ဖြစ်ပါတယ်။
ကြော်ငြာကို ငွေများများထည့်ရင် လူများများမြင်ပြီး ရောင်းရမယ်ထင်နေပါသလား။ တကယ်တော့ Facebook ရဲ့ AI က "Content" ကိုသာ ရှင်ဘုရင်အဖြစ် သတ်မှတ်ထားတာပါ။ ကိုယ့်ရဲ့ ကြော်ငြာ Content က ဖတ်ချင်စရာ၊ ကြည့်ချင်စရာကောင်းနေရင် သာမန်ကြော်ငြာတွေထက် ကြော်ငြာစရိတ် (CPA) ကို ၄၀% ကနေ ၆၀% အထိ အံ့ဖွယ် လျှော့ချပေးနိုင်တယ်။ မြန်မာနက်က ငွေကိုရေလိုမသုံးဘဲ Content စွမ်းအားနဲ့ ကြော်ငြာကို ပိုပြီး ထိရောက်စေမှာပါ။

Facebook မှာ ကြော်ငြာဖို့ အဆင်သင့်ဖြစ်ပြီလား?

မြန်မာပြည်မှာ လူသုံးများနေတဲ့ ကိုယ့် Facebook Page ကို အသက်ဝင်လာစေဖို့နဲ့ ရောင်းအားတွေ တက်လာစေဖို့ မြန်မာနက်နဲ့ တိုင်ပင် ဆွေးနွေးနိုင်ပါတယ်

ဖောင်ကနေ ဆက်သွယ်ပြီးရင် ?


ဖောင်မှာ ဖြည့်လိုက်တဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးသော မြန်မာနက်ရဲ့ ကျွမ်းကျင်ပညာရှင်မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

ဖုန်းခေါ်လိုပါက

09 449 300 900

    Contact Us

    မြန်မာနက်ရဲ့ ကျွမ်းကျင်တဲ့ IT ပညာရှင်များမှ အရည်အသွေးမြင့် ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်း (Web Development) နှင့် SEO, SEA ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဂူဂယ်၏ စံချိန်စံညွှန်းများနှင့်အညီ Google Workspace Solutions များ၊ ဂူဂယ်ကြော်ငြာ (Google Ads)၊ ဒီဂျစ်တယ်မားကတ်တင်း (Digital Marketing)၊ ပရော်ဖက်ရှင်နယ် ဒိုမိန်းမှတ်ပုံတင်ခြင်း (Professional Domain Registration)၊ ကိုယ်ပိုင် လုပ်ငန်းသုံး AI Assistant ဝန်ဆောင်မှု (Custom AI Assistant Solutions) နှင့် စိတ်ချရသော Secure Hosting ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၀ ကျော်ရှိ လုပ်ငန်းများ အဖွဲ့အစည်းများ အတွက် ဝန်ဆောင်မှုပေးနေပါတယ်။

    Contact Us

    Shopping Cart

    No products in the cart.