မြန်မာနက်ရဲ့ Google ဂူဂယ် ကြော်ငြာ ဝန်ဆောင်မှု့
ကမ္ဘာမှာ အင်တာနက် သုံးစွဲသူ ၈၁% ကျော်ဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတစ်ခုခုကို မဝယ်ခင်မှာ အင်တာနက်ပေါ်မှာ အရင်ဆုံး ရှာဖွေ လေ့လာစုံစမ်းတတ်ကြပါတယ်။ မေးခွန်းကတော့ “သူတို့ရှာလိုက်တဲ့အချိန်မှာ ကိုယ့်လုပ်ငန်းကို အရင်တွေ့စေမှာလား၊ ပြိုင်ဘက်ကို အရင်တွေ့သွားစေမှာလား” ဆိုတာပါပဲ။
ကမ္ဘာတစ်ဝှမ်း စစ်တမ်းကောက်ယူချက်တွေအရ ရိုးရိုး (Organic) ရှာဖွေမှုကနေ ဝင်လာသူတွေထက်၊ Google Ads ကြော်ငြာကနေတဆင့် Website ကို ရောက်လာသူတွေဟာ ကိုယ့်ရဲ့ ဝန်ဆောင်မှု့ ဒါမှမဟုတ် ကိုယ်ထုတ်တဲ့ ကုန်ပစ္စည်းကိုဝယ်ယူဖို့ ၅၀% ပိုမို များပြားပါတယ်။
ကိုယ့်ရဲ့ ဝန်ဆောင်မှု့ ဒါမှမဟုတ် ထုတ်လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းကလဲ တစ်ကယ့်ကို ကောင်းနေမယ် ပြီးတော့ အသေအချာ ပြင်ဆင် ပြုလုပ်ထားတဲ့ ကြော်ငြာကလည်း ကောင်းနေမယ်ဆိုရင် Google Search ကြော်ငြာအတွက် ရင်းနှီးမြှုပ်နှံလိုက်တဲ့ ၁ ဒေါ်လာတိုင်းဟာ လုပ်ငန်းအတွက် ဝင်ငွေ ၈ ဆ အထိ ပြန်လည်ရှာဖွေပေးနိုင်တယ်လို့ ဆိုကြပါတယ်။
ဂူဂယ်မှာ ကြော်ငြာထိုးပြီး အကျိုးရှိအောင်လုပ်မယ်
Precision Targeting
သက်ဆိုင်တဲ့ Keyword တွေ၊ အသက်အရွယ်၊ နေရာဒေသနဲ့ စိတ်ဝင်စားမှုတွေကို တိတိကျကျ ရွေးချယ်ပြီး ကြော်ငြာပေးတယ်
Pay-Per-Click
ကြော်ငြာကို ပြရုံနဲ့ ငွေမကုန်ပါ။ ကြော်ငြာကို Click နှိပ်ပြီး Website ဆီရောက်လာမှာ ကြော်ငြာဖိုးပေးရမှာ
Instant Results
အခြား Marketing နည်းလမ်းတွေနဲ့မတူ ကြော်ငြာစင်တာနဲ့ Google ရဲ့ ထိပ်ဆုံးစာမျက်နှာတွေမှာ ချက်ချင်း နေရာယူနိုင်မှာ
Transparent Reporting
ကြော်ငြာအတွက် ငွေဘယ်လောက်သုံးလိုက်ရပြီး၊ လူဘယ်နှစ်ယောက်ဆီရောက်တယ်ဆိုတဲ့ Data တွေကို မြင်ရမှာဖြစ်တယ်
Content-Focused Strategy
လူတွေကို ဆွဲဆောင်နိုင်တဲ့ ထိမိတဲ့စာသားတွေ၊ အကြောင်းအရာတွေနဲ့ ပေါင်းစပ်ပြီး ကြော်ငြာကို အသက်ဝင်အောင် ဖန်တီးပေးပါတယ်
Multi-Network Reach
Google Search တစ်ခုတည်းတင်မက YouTube၊ Gmail နဲ့ နာမည်ကြီး Website တွေမှာပါ ကြော်ငြာကို ပြသနိုင်တယ်
ရောင်းအားတက်စေပြီး Brand Identity ကိုပါ လူတွေပိုသိစေချင်ရင် Google မှာ ကြော်ငြာပါ
Google Ads ရဲ့ အဓိကအားသာချက်က ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှု ဒါမှမဟုတ် ကုန်ပစ္စည်းကို Google မှာ တကယ်ရှာဖွေနေတဲ့ အဝယ်အလားအလာရှိသူ (High-intent Leads) တွေဆီ ကွက်တိ ရောက်ရှိသွားစေတာ ဖြစ်ပါတယ်။ Facebook လိုမျိုး Scroll လုပ်ရင်း ကြုံမှမြင်ရတာမဟုတ်ဘဲ "ဝယ်ချင်လို့ ရှာနေတဲ့သူ" တွေဆီ တိုက်ရိုက်ပြသနိုင်တာကြောင့် Conversion Rate (အရောင်းဖြစ်မြောက်မှုနှုန်း) ပိုမိုမြင့်မားပြီး အချိန်တိုအတွင်း ကိုယ့်လုပ်ငန်းကို လူသိများ ထင်ရှားလာစေခြင်း နဲ့ ရောင်းအားကို သိသိသာသာ တိုးတက်စေပါတယ်။
ကြော်ငြာကနေ ထိရောက်တဲ့ ရလဒ်နဲ့ Data အမှန်တွေ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာစေဖို့အတွက် လစဉ် ကြော်ငြာစရိတ် (Ad Spend) အနည်းဆုံး $200 လောက် ကနေ စတင်သင့်ပါတယ်။ ဒီပမာဏက ကိုယ့်လုပ်ငန်းရဲ့ ပစ်မှတ် Customer အစစ်အမှန်တွေဆီ ထိထိရောက်ရောက် ရောက်ရှိဖို့၊ ပြိုင်ဘက်တွေကြားထဲမှာ နေရာရဖို့နဲ့ Campaign ကို အကောင်းဆုံး Performance ရအောင် Optimization လုပ်ဖို့အတွက် အသင့်တော်ဆုံး Budget ပဲ ဖြစ်ပါတယ်။
လစဉ် ကြော်ငြာ Campaign အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် Google Ads Account ရဲ့ တိုက်ရိုက် Data အချက်အလက်တွေပါဝင်တဲ့ Report ကို မြန်မာနက်ဘက်က ရိုးရှင်းပြီး နားလည်လွယ်အောင် ပြုလုပ်ပေးပို့သွားမှာ ဖြစ်ပါတယ်။
Google ရဲ့ ကမ္ဘာအကောင်းဆုံး Keyword Planner ကို အသုံးပြုပြီး ကိုယ့်လုပ်ငန်းနဲ့ ကွက်တိကိုက်ညီမယ့်၊ ရှာဖွေမှုနှုန်းလည်းမြင့်ပြီး Customer တကယ်ဖြစ်လာနိုင်မယ့် Keyword တွေကို သေချာ သုတေသနပြု (Research) ရွေးချယ်ပေးပါတယ်။
မည်သည့် Google Ads အေဂျင်စီမှ Lead ဘယ်နှခု သေချာပေါက် ရရှိရမယ် ဆိုပြီး အာမခံချက် မပေးနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကြော်ငြာခြင်းက စိတ်ဝင်စားတဲ့သူတွေကို ဝဘ်ဆိုဒ်ထဲကို ရောက်ရှိလာအောင် လုပ်ပေးနိုင်ပေမယ့် ကိုယ့်ရဲ့ ဝန်ဆောင်မှုတွေ ထုတ်ကုန်တွေကို အမှန်တကယ် ဝယ်ယူအားပေးဖို့က ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု၏ အရည်အသွေး၊ စိတ်ချရမှုနဲ့ ဈေးနှုန်းမျှတမှုတို့အပေါ်မှာ အများကြီးမူတည်နေတာကြောင့်ပါ။
ဟုတ်ကဲ့၊ ဆောင်ရွက်ပေးပါတယ်။ မြန်မာနက် ကိုယ်တိုင်ကလည်း Professional Web Development တွေကို ပါလုပ်ပေးနေတော့ ကြော်ငြာအတွက် သင့်တော်မယ့် Landing Page ပုံစံဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ပေးပါတယ်။ မြန်မာနက်နဲ့ အစကတည်းက အပ်နှံပြုလုပ်ထားတဲ့ ဝဘ်ဆိုဒ်ဆိုရင် ကြော်ငြာနဲ့ ကိုက်ညီတဲ့ အပြင်အဆင်တွေ Technical ပိုင်းကို လိုအပ်သလို အပြီးအစီး ပြင်ဆင်ပေးသွားမှာပါ။ အခြားနေရာတွင် ပြုလုပ်ထားသည့် ဝဘ်ဆိုဒ်ဖြစ်ရင်တော့ လိုအပ်တဲ့ အကြံပြုချက်တွေကို ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
Google မှာ ကြော်ငြာဖို့ အဆင်သင့်ဖြစ်ပြီလား?
ဖောင်ကနေ ဆက်သွယ်ပြီးရင် ?
ဖောင်မှာ ဖြည့်လိုက်တဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးသော မြန်မာနက်ရဲ့ ကျွမ်းကျင်ပညာရှင်မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်