လုပ်ငန်းတွေအတွက် အေအိုင် ဝန်ထမ်း ခန့်ပေးခြင်း
မေးလာတဲ့သူ တစ်ယောက်ချင်းစီကို ကိုယ့် ကုန်ပစ္စည်းအကြောင်း၊ ဝန်ဆောင်မှုတွေအကြောင်း၊ ဈေးနှုန်းနဲ့ လက်ကျန် Stock ရှိ/မရှိ လိုက်ပြောနေရတာတွေကို လုပ်ငန်းရှင်တွေအတွက် နေ့စဉ် အချိန်ကုန်ပြီး လူပင်ပန်းစေတဲ့ အလုပ်တွေပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ လူတွေက သိချင်လို့ မေးလိုက်တာနဲ့ မြန်ဆန်ပြီး တိကျတဲ့ အဖြေကို ချက်ချင်းလိုချင်ကြတာမို့ လူကိုယ်တိုင် စာထိုင်ပြန်နေမယ့်အစား မေးလိုက်တာနဲ့ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့အချက်တွေကို ချက်ခြင်း ပြန်ဖြေပေးနိုင်တဲ့ အေအိုင်ဝန်ထမ်း ကို သုံးမှရပါတော့မယ်။
ကိုယ့်လုပ်ငန်းရဲ့ အချက်အလက်တွေကို Text ဖိုင်တွေကနေတစ်ဆင့် AI ကို လွယ်ကူစွာ သင်ကြားပေးရုံနဲ့ အေအိုင် Chat Box ကနေတစ်ဆင့် အွန်လိုင်းမှာ မေးလာတဲ့ ကိစ္စရပ်အားလုံးကို လူသားတစ်ယောက်လိုပဲ သေသေချာချာနဲ့ စက္ကန့်ပိုင်းအတွင်း အလိုအလျောက် တုံ့ပြန်ဖြေကြားပေးသွားမှာ ဖြစ်လို့ လုပ်ငန်းခွင် အတွက် အကျိုးသက်ရောက်မှုကို သိသိသာသာ မြင်တွေ့ရမှာပါ။
အေအိုင်ဝန်ထမ်းက ဝန်ဆောင်မှု (Customer Service) ကို တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် (24/7) အချိန်ပြည့် ပေးစွမ်းနိုင်မှာပါ။ ညဘက်ဖြစ်စေ၊ ရုံးပိတ်ရက်ဖြစ်စေ လူတွေ သိချင်တာကို ကိုယ်သင်ထားပေးသလို ချက်ချင်းဖြေကြားပေးနိုင်တဲ့အတွက် သူတို့ရဲ့ စိတ်ဝင်စားမှု နဲ့ ဝယ်ယူလိုစိတ်ကို ထိန်းထားလိုက်နိုင်ပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို ပိုမိုမြန်ဆန်စေပါတယ်။
လူထက် ပိုပြီး စိတ်ရှည်တဲ့ AI Chatbot သုံးပါ
Advanced AI Ecosystem
သင့်လုပ်ငန်းရဲ့ Website ပေါ်မှာ၊ Social Media စာမျက်နှာတွေမှာပါ Chat Icon ဒါမှမဟုတ် Chat URL အနေနဲ့ အလွယ်တကူ ချိတ်ဆက်ထည့်သွင်း အသုံးပြုနိုင်တယ်
Smart Learning System
လုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းအကြောင်းနဲ့ ဈေးနှုန်းစာရင်းတွေကို Text ဖိုင်တွေနဲ့ သင်ပေးလိုက်ရင် AI Assistant က အချိန်တိုအတွင်း လူကဖြေပေးနေသလို ပြန်ပြီးဖြေပေးနေမှာပါ
Fast & Efficient
လူတွေရဲ့ မေးခွန်းတွေကို ညဘက်ဖြစ်စေ၊ ရုံးပိတ်ရက်ဖြစ်စေ တစ်ရက်တာလုံး အချိန် နေရာမရွေး လူသားတစ်ယောက်လိုပဲ စက္ကန့်ပိုင်းအတွင်း အလိုအလျောက် တုံ့ပြန်ဖြေကြားပေးမှာပါ
Data & Analytics
အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်စားတဲ့ အချက်အလက်တွေကို စုဆောင်းပေးထားနိုင်တာမို့ လုပ်ငန်းရဲ့ မဟာဗျူဟာတွေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ခြင်း
Mobile Responsive
ဖုန်း၊ Tablet၊ ကွန်ပျူတာ စတဲ့ ဘယ်လို Device မျိုးနဲ့မဆို AI Assistant Chat Box ကို အဆင်ပြေချောမွေ့စွာ အသုံးပြုပြီး မေးမြန်းနိုင်အောင် ဖန်တီးပေးထားခြင်း
Cost Effective
ထပ်ခါတလဲလဲ မေးနေကျ မေးခွန်းတွေကို AI က ကူညီဖြေပေးလို့ ဝန်ထမ်းအလုပ်ချိန် အများကြီး သက်သာစေပြီး၊ ဝန်ထမ်းတွေရဲ့ အချိန်ကို ပိုမိုအရေးကြီးတဲ့ နေရာတွေမှာ သုံးပါ
အလုပ်ရှုပ်သက်သာပြီး ရောင်းအားတက်စေတဲ့ လုပ်ငန်းသုံး AI Chat Bot များ
လုပ်ငန်းသုံး MMNet AI Assistant ကို စတင်ထည့်သွင်းအသုံးပြုဖို့အတွက် အထူးတလည် ခက်ခက်ခဲခဲ ပြင်ဆင်ထားဖို့ မလိုပါ။ အဓိကအနေနဲ့ AI ကို သင်ကြားပေးလိုတဲ့ ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုအကြောင်းအရာများ၊ ကုန်ပစ္စည်းအချက်အလက်များနဲ့ ဈေးနှုန်းစာရင်းတွေကို Text ဖိုင်များအဖြစ် အလွယ်တကူ ပြင်ဆင်ထားရုံပါပဲ။
သင်ကြားပေးရတာ အလွန်ရိုးရှင်းပြီးလွယ်ကူပါတယ်။ သီးသန့် Control Panel ထဲမှာ ကိုယ့်လုပ်ငန်းအကြောင်းကို လွယ်လွယ်ကူကူနဲ့ အေအိုင်ကို သင်ကြားပေးလို့ရပါတယ်။ ဝန်ဆောင်မှုတွေ၊ အမေးများတဲ့ မေးခွန်းတွေနဲ့ ကုန်ပစ္စည်းအသေးစိတ်ကို စာသား (txt ဖိုင်) နဲ့ ရေးသားပြီး Control Panel ထဲမှာ တင်ပေး (Train လုပ်ပေး) လိုက်ရုံပဲ ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် အချက်အလက်တွေကို အချိန်မရွေး အလွယ်တကူ ဝင်ရောက်သင်ကြားပေးနိုင်ပြီး၊ သင်ကြားပြီးတာနဲ့ AI Bot က သင့်လုပ်ငန်းရဲ့ အချက်အလက်သစ်တွေအတိုင်း စိတ်ဝင်စားလို့ မေးလာသူတွေကို ချက်ခြင်း ပြောင်းလဲဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
MMNet AI Assistant ကို ကိုယ့်လုပ်ငန်းရဲ့ Website ပေါ်မှာတင်မကဘဲ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook Messenger စာမျက်နှာ (Page) တွေမှာပါ အလွယ်တကူ အချိတ်အဆက် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ဖောက်သည်တွေက Website ကနေပဲလာလာ၊ Facebook Messenger ကနေပဲ စာပို့ပို့ နေရာစုံက ရောက်လာတဲ့ မေးခွန်းအားလုံးကို AI ဘော့တစ်ခုတည်းကနေပြီး သင်ကြားထားတဲ့ လုပ်ငန်းအချက်အလက်တွေအတိုင်း တစ်ပြေးညီ၊ တိတိကျကျနဲ့ ၂၄ နာရီပတ်လုံး အလိုအလျောက် လိုက်လံဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
MMNet AI Assistant ကို ကိုယ့်လုပ်ငန်းရဲ့ စည်းကမ်းဘောင်တွေအတိုင်း တိတိကျကျ လိုက်နာဖို့ စနစ်တကျ ထိန်းချုပ်ဖန်တီးထားပါတယ်။ ဒါကြောင့် မေးခွန်းမေးသူတွေက လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ အခြားအကြောင်းအရာတွေကို (ဉပမာ - ဧရာဝတီမြစ်က ဘယ်နှစ်မိုင်ရှည်လဲ) လျှောက်မေးတာမျိုး လုပ်နေရင် သင်ကြားပေးထားတဲ့ Data ထဲမှာ မပါဝင်တဲ့အတွက် AI က လျှောက်တွေးပြီး အဖြေမှားတွေ ဖြေမှာမဟုတ်ဘဲ "သင်ကြားပေးထားတဲ့အထဲမှာ မရှိတဲ့အတွက် မရှိပါဘူး" ဆိုပြီးတော့ပဲ တိတိကျကျနဲ့ အမှန်ကန်ဆုံး အလိုအလျောက် တုံ့ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ AI က ကိုယ့်လုပ်ငန်းအကြောင်းမဟုတ်တာတွေ လျှောက်ဖြေမှာကို လုံးဝ (လုံးဝ) စိတ်ပူစရာမလိုဘဲ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။
အမြန်ဆုံး ဖြေကြားပေးနိုင်ပါတယ်။ ဘယ်လိုမေးခွန်းမျိုးပဲ မေးမေး ၄.၅ စက္ကန့်အောက် အချိန်တိုလေးအတွင်းမှာတင် တိကျပြတ်သားစွာ တုံ့ပြန်ဖြေကြားပေးနိုင်စွမ်း ရှိပါတယ်။ လူသားဝန်ထမ်းတွေလို စာအရှည်ကြီး ရိုက်နေဖို့ အချိန်အကြာကြီး စောင့်စရာမလိုဘဲ မေးလိုက်တာနဲ့ အလိုအလျောက် ချက်ခြင်းနီးပါး ပြန်လည်ဖြေကြားပေးမှာဖြစ်လို့ ဖောက်သည်တွေအနေနဲ့ မိမိသိချင်တဲ့ အချက်အလက်တွေကို စောင့်ဆိုင်းရခြင်းမရှိဘဲ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာပြန်နောက်ကျလို့ Customer လက်လွတ်ရမယ့် ပြဿနာကို အပြည့်အဝ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
AI Assistant ကို တပ်ဆင်ပေးရုံတင်မကဘဲ လုပ်ငန်းခွင်ထဲမှာ အဆင်ပြေချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်ဖို့အတွက် Technical Support အပိုင်းကိုပါ စနစ်တကျ ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ AI Bot အသုံးပြုပုံ၊ Control Panel ထဲမှာ အချက်အလက် ထည့်သွင်းနည်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် လမ်းညွှန်ပြသပေးမယ့်အပြင် နောက်ပိုင်းမှာ လုပ်ငန်းလိုအပ်ချက်အရ စနစ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်တာမျိုး (သို့မဟုတ်) နည်းပညာ အခက်အခဲ တစ်စုံတစ်ရာ ရှိလာပါကလည်း မြန်မာနက်ရဲ့ ကျွမ်းကျင်အဖွဲ့သားများက အနီးကပ် ကူညီဖြေရှင်းပေးသွားမှာ ဖြစ်လို့ ရေရှည်အတွက် စိတ်ချလက်ချ လက်တွဲ အသုံးပြုနိုင်ပါတယ်။
အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ မြန်မာနက်က ပေးထားတဲ့ Control Panel ထဲမှာ လာရောက်မေးမြန်းသူတွေရဲ့ Data တွေကို အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ လာရောက်မေးမြန်းသွားတဲ့ မေးခွန်းအကြောင်းအရာတွေတင်မကဘဲ ဘယ်သူက မေးမြန်းသွားတာလဲ နာမည် နဲ့ မေးမြန်းသူရဲ့ ဖုန်းနံပါတ် စတဲ့ အရေးကြီးတဲ့ အချက်အလက် (Leads) တွေကိုပါ သေသေချာချာ မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားမှုရှိတဲ့ သူတွေကို ပြန်လည် ဆက်သွယ်ပြီး Follow-up လုပ်တာမျိုး နဲ့ ကိုယ့်လုပ်ငန်းရဲ့ Marketing ဗျူဟာတွေအတွက် အဖိုးတန်တဲ့ Customer Database အဖြစ် အထိရောက်ဆုံး ပြန်လည်အသုံးပြုနိုင်ပါတယ်။
AI ဝန်ထမ်းခန့်ဖို့ အသင့်ဖြစ်ပြီလား?
ဖောင်ကနေ ဆက်သွယ်ပြီးရင် ?
ဖောင်မှာ ဖြည့်လိုက်တဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးသော မြန်မာနက်ရဲ့ ကျွမ်းကျင်ပညာရှင်မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်