Ecommerce Website - အွန်လိုင်း စတိုး

Ecommerce Website Development
Founded in 1998, Myanmars.NET stands as the earliest web developer and the largest web solution provider in Myanmar.

အွန်လိုင်း စတိုး eCommerce website ဆောက်ပေးခြင်း

 

ကာစတန်မာ တစ်ယောက်ချင်းစီကို ကိုယ်ရောင်းတဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ စျေးနှုန်းလိုက်ပြောရတာ၊ လက်ကျန် Stock ရှိ၊ မရှိ လိုက်စစ်ရတာ၊ ငွေလွှဲ Screen Short တွေကို တစ်စောင်ချင်းစီ လိုက်စစ်နေရတာတွေနဲ့ အလုပ်တွေ အရမ်းရှုပ်နေရင် အွန်လိုင်းစတိုး ဆောက်ပါ။ လက်ရှိအချိန်မှာ Chat Box ကို အားကိုးပြီး Online ကနေ ပစ္စည်းရောင်းရတာအတွက် အလုပ်ရှုပ် အရမ်းသက်သာသွားပါလိမ့်မယ်။

ဝယ်သူတွေအနေနဲ့ အွန်လိုင်း စတိုးပေါ်မှာတင် ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်၊ ဈေးနှုန်းနဲ့ Size တွေကို သေချာကြည့်ရှုပြီး အလွယ်တကူ Order တင်နိုင်မှာပါ။ ပြည်တွင်း/ပြည်ပ လူသုံးအများဆုံး Payment Gateway စနစ်တွေကိုပါ Website ထဲမှာ စနစ်တကျ Setup လုပ်ပြီး ချိတ်ဆက်နိုင်မှာဖြစ်လို့ ငွေပေးချေမှုအပိုင်းအတွက်ပါ စိတ်အေးသွားရပါလိမ့်မယ်။

ကိုယ်အိပ်နေချိန်မှာတောင် ကုန်ပစ္စည်းတွေအကြောင်း၊ ဈေးနှုန်းတွေအကြောင်း၊ လက်ကျန်ရှိမရှိကို အလိုအလျောက် အလုပ်လုပ်ပေးနေစေချင်ရင်တော့ မြန်မာနက်က တည်ဆောက်ပေးနေတဲ့ အွန်လိုင်းစတိုး eCommerce website ကို သုံးကြည့်ပါ။

START YOUR PROFESSIONAL ONLINE STORE TODAY

အွန်လိုင်း စတိုး eCommerce website ဆောက်ပါ

မေးလာသူ တစ်ယောက်ချင်းစီကို ဈေးနှုန်းတွေ၊ Stock တွေ လိုက်ပြောနေရလို့ လူပင်ပန်းပြီး အချိန်ကုန်နေတာတွေကို ဖြေရှင်းပေးမယ့် အွန်လိုင်းစတိုး
ppc
WooCommerce Ecosystem

ကမ္ဘာ့လူသုံးအများဆုံး၊ လုံခြုံမှု့ အရှိဆုံး အွန်လိုင်း စတိုး စနစ်ဖြစ်တဲ့ WooCommerce နဲ့ စနစ်တကျ တည်ဆောက်ပေးခြင်း

Premium Themes

နိုင်ငံတကာအဆင့်မှီ လှပတဲ့ Themes တွေကိုပဲ အသုံးပြုတာကြောင့် လုပ်ငန်းနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း

Fast & Efficient

ကမ္ဘာသုံးစနစ်တစ်ခုကို အခြေခံထားတာကြောင့် အွန်လိုင်းစတိုးကို အချိန်တိုအတွင်း ကောင်းမွန်စွာဖြင့် တည်ဆောက်ပေးနိုင်ခြင်း

Product Management

ဓာတ်ပုံ၊ ဈေးနှုန်း၊ အကြောင်းအရာ တွေအပြင် အရေအတွက် (Inventory) တွေကိုပါ ကိုယ်တိုင် စီမံခန့်ခွဲနိုင်မယ့် Dashboard ပါဝင်ခြင်း

Mobile Responsive

ဖုန်းတွေ၊ Tablet တွေ၊ ကွန်ပျူတာတွေမှာ အဆင်ပြေပြေ ကြည့်လို့ရအောင် ဖန်တီးပေးထားသော ဒီဇိုင်းများဖြစ်ခြင်း

Payment Setup

အိမ်အရောက် ငွေချေစနစ် (Cash On Delivery) အပြင် စနစ်ကို support လုပ်သော Payment Gateway များ ချိတ်ဆက်နိုင်ခြင်း

ရောင်းအားတက်စေတဲ့ အလုပ်ရှုပ်သက်သာစေတဲ့ အွန်လိုင်းစတိုးများ ဆောက်ခြင်း

ကုန်ပစ္စည်းတွေကို စနစ်တကျ ပြသပြီး၊ ဝယ်သူတွေ လွယ်ကူချောမွေ့စွာ Order တင်နိုင်တဲ့ eCommerce Website များကို မြန်မာနက်မှ အကောင်းဆုံး ဖန်တီးပေးနေပါတယ်
အွန်လိုင်းစတိုး လုပ်စရာလိုလို့လား ဘာတွေ ပိုကောင်းလို့လဲ?

ကာစတန်မာ တစ်ယောက်ချင်းစီကို ကိုယ်ရောင်းတဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ စျေးနှုန်းလိုက်ပြောရတာ၊ လက်ကျန် Stock ရှိ၊ မရှိ လိုက်စစ်ရတာ၊ ငွေလွှဲ Screen Short တွေကို တစ်စောင်ချင်းစီ လိုက်စစ်နေရတာတွေနဲ့ အလုပ်တွေ အရမ်းရှုပ်နေရင် အွန်လိုင်းစတိုး ဆောက်ပါ။ လက်ရှိအချိန်မှာ Chat Box ကို အားကိုးပြီး Online ကနေ ပစ္စည်းရောင်းရတာအတွက် အလုပ်ရှုပ် အရမ်းသက်သာသွားပါလိမ့်မယ်။

ညဘက် အိပ်ချိန်တွေ၊ ခရီးသွားနေတဲ့ရက်တွေ ဒါမှမဟုတ် ဖုန်းလိုင်း/အင်တာနက် မကောင်းလို့ Chat Box မှာ မပြန်နိုင်တဲ့ အချိန်တွေမှာ ဝယ်မယ့်သူက မစောင့်နိုင်တော့လို့ အခြားသူဆီက ပြောင်းဝယ်သွားလို့ အော်ဒါတွေ လက်မလွှတ်ချင်ရင် အွန်လိုင်းစတိုးရှိမှရပါမယ်။ ကိုယ်အိပ်နေချိန် ခရီးထွက်နေချိန် ကိုယ့်ဘက်က လိုင်းမကောင်းချိန်မှာတောင် ၂၄ နာရီပတ်လုံး အလုပ်လုပ်ပေးနေမှာပါ။

အွန်လိုင်းစတိုး Website လုပ်ဖို့ ဘာတွေပြင်ဆင်ပေးရမလဲ?

Website တစ်ခု အမြန်ဆုံးနဲ့ အချောမွေ့ဆုံး တည်ဆောက်နိုင်ဖို့အတွက် လူကြီးမင်းတို့ဘက်က အချို့အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ပေးရပါမယ်။ ပထမဆုံးအနေနဲ့ Website ပေါ်မှာ မဖြစ်မနေထည့်ရမယ့် အချက်အလက်တွေဖြစ်တဲ့ Logo ၊ ကုန်ပစ္စည်းပုံတွေ၊ အမည်၊ ဈေးနှုန်းနဲ့ အသေးစိတ်ဖော်ပြချက်တွေကို အမျိုးအစားအလိုက် စနစ်တကျ စုစည်းပေးထားရပါမယ်။ ဒုတိယအနေနဲ့ Customer တွေ online ကနေမှာရင် အိမ်ရောက်ငွေချေ စနစ်ကို သုံးမှာလား အခြား payment စနစ်တွေကို သုံးမှာ လားဆိုတာ ကြိုစဉ်းစားထားဖို့လိုပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ အလုပ်အဖြစ်ဆုံးက အိမ်ရောက်ငွေချေ စနစ် (COD) ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဝယ်ယူသူတွေ ယုံကြည်စိတ်ချစွာ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်၊ လိပ်စာ၊ Social Media Link တွေနဲ့ လုပ်ငန်းအကြောင်းတို့ကို ပြင်ဆင်ပေးထားရမှာ ဖြစ်ပါတယ်။

Website ပြီးသွားရင် ပစ္စည်းအသစ်တင် ဈေးနှုန်းပြင်တာတွေ ကိုယ်တိုင်လုပ်လို့ရမလား?

ရပါတယ်ခင်ဗျာ။ မြန်မာနက်က လုပ်ပေးတဲ့ eCommerce website တွေဟာ သုံးစွဲသူအတွက် အလွန်ရိုးရှင်းပြီး အဆင်ပြေစေမယ့် Dashboard ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာပိုင်းဆိုင်ရာ အခြေခံ နက်နက်နဲနဲ မရှိထားရင်တောင်မှ ပစ္စည်းအသစ်တင်တာ၊ စျေးနှုန်းတွေ ပြင်ဆင်တာ၊ ပစ္စည်း Stock အရေအတွက် အတိုးအလျှော့လုပ်တာတွေကို ကိုယ်တိုင် လုပ်လို့ရပါတယ်။

အွန်လိုင်း စတိုးက Mobile Phone နဲ့ကြည့်ရင် အဆင်ပြေပါ့မလား?

အခုခေတ်မှာ online shopping ဝယ်သူ ၉၀% ကျော်က ဖုန်းနဲ့ပဲ ဝယ်ကြတာပါတဲ့။ အွန်လိုင်းစတိုး တွေကို Mobile-First Design (ဖုန်းမျက်နှာပြင်ကို အဓိကဦးစားပေးတဲ့စနစ်) နဲ့ သေသေချာချာ တည်ဆောက်ပေးတာ ဖြစ်ပါတယ်၊၊ Responsive ဖြစ်အောင် ဖန်တီးထားမှာမို့လို့ Customer တွေအနေနဲ့ ဘယ်လို Android ဖုန်း၊ iPhone ဒါမှမဟုတ် Tablet တွေနဲ့ပဲ ကြည့်ကြည့် မျက်နှာပြင်အရွယ်အစားအလိုက် စာသားတွေ၊ ပုံတွေနဲ့ ခလုတ်တွေက အလိုအလျောက် အံဝင်ခွင်ကျ ဖြစ်နေမှာပါ။

အွန်လိုင်းစတိုးကို Live လွှင့်ပြီးသွားရင် နောက်ပိုင်း Maintenance အပိုင်းကရော ?

အွန်လိုင်းစတိုး Website လုပ်ပြီးလွှင့်တင်ပြီးရုံနဲ့ ဒီအတိုင်းထားလို့မရပါဘူး။ ဖုန်းတစ်လုံး ဝယ်ပြီးရင် Software Update တောင်းသလိုမျိုး၊ ကားတစ်စီး ဝယ်ပြီးရင် အင်ဂျင်ဝိုင် ပုံမှန်လဲရသလိုမျိုး ဝဘ်ဆိုက်တွေကလည်း ရေရှည်မှာ ပုံမှန် Maintenance လုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဝဘ်ဆိုက် Error တက်တာမျိုး၊ Loading ကြာတာမျိုး၊ Server Update လုပ်တာမျိုး၊ CMS Engine တွေကို Server တွေနဲ့ ကိုက်ညီအောင် Update လုပ်တာမျိုး၊ သုံးစွဲသူတွေ (Customers) ဝင်ကြည့်တဲ့အခါ အမြဲတမ်း အဆင်ပြေနေစေဖို့ ကျွန်ုပ်တို့ မြန်မာနက်အဖွဲ့သားများက ဝဘ်ဆိုက်ရဲ့ နောက်ကွယ်ကနေ နည်းပညာပိုင်းဆိုင်ရာတွေကို တာဝန်ယူ လုပ်ဆောင်ပေးသွားရပါတယ်။

ဘယ်လို Payment System (ငွေပေးချေမှုစနစ်) တွေ ထည့်ပေးမှာလဲ?

မြန်မာနိုင်ငံက Online ဈေးဝယ်သူတွေရဲ့ အလေ့အထနဲ့ ကိုက်ညီအောင် ငွေပေးချေမှုစနစ် (Payment Systems) တွေကို နည်းလမ်းမျိုးစုံ အဆင်ပြေအောင် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ ပစ္စည်းရောက်မှ ငွေချေရမယ့် Cash on Delivery (COD) စနစ်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ WooCommerce ကို support လုပ်ပြီး တိုက်ရိုက်ချိတ်ဆက်လို့ရတဲ့ မြန်မာနိုင်ငံက ပြည်တွင်းဘဏ်တွေရဲ့ Payment Gateway API စနစ်တွေကိုပါ ချိတ်ဆက်ပေးနိုင်ပါတယ်။

1
+
ဝန်ဆောင်မှု့ပေးခဲ့သည် ဒိုမိန်းနှင့် ဝဘ်ဆိုဒ်
1
မြန်မာနက်စတင် တည်ထောင်ခဲ့သည့်နှစ်
1
လက်ရှိ ရောင်းချပေးနေသည့် နိုင်ငံပေါင်း
ကာစတန်မာ တစ်ယောက်ချင်းစီကို ကိုယ်ရောင်းတဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ စျေးနှုန်းလိုက်ပြောရတာ၊ လက်ကျန် Stock ရှိ၊ မရှိ လိုက်စစ်ရတာ၊ ငွေလွှဲ Screen Short တွေကို တစ်စောင်ချင်းစီ လိုက်စစ်နေရတာတွေနဲ့ အလုပ်တွေ အရမ်းရှုပ်နေရင် အွန်လိုင်းစတိုး ဆောက်ပါ။ လက်ရှိအချိန်မှာ Chat Box ကို အားကိုးပြီး Online ကနေ ပစ္စည်းရောင်းရတာအတွက် အလုပ်ရှုပ် အရမ်းသက်သာသွားပါလိမ့်မယ်။
ညဘက် အိပ်ချိန်တွေ၊ ခရီးသွားနေတဲ့ရက်တွေ ဒါမှမဟုတ် ဖုန်းလိုင်း/အင်တာနက် မကောင်းလို့ Chat Box မှာ မပြန်နိုင်တဲ့ အချိန်တွေမှာ ဝယ်မယ့်သူက မစောင့်နိုင်တော့လို့ အခြားသူဆီက ပြောင်းဝယ်သွားလို့ အော်ဒါတွေ လက်မလွှတ်ချင်ရင် အွန်လိုင်းစတိုးရှိမှရပါမယ်။ ကိုယ်အိပ်နေချိန် ခရီးထွက်နေချိန် ကိုယ့်ဘက်က လိုင်းမကောင်းချိန်မှာတောင် ၂၄ နာရီပတ်လုံး အလုပ်လုပ်ပေးနေမှာပါ။
ပြီးခဲ့တဲ့လက အင်္ကျီအမည်းရောင် ဝယ်သွားတဲ့ Customer တွေကို အသစ်ထပ်ရောက်တာလေးတွေ သွားပြောချင်တယ်... ဘယ်သူတွေ ဝယ်သွားလဲမသိဘူး Chat Box ထဲမှာ ရာနဲ့ချီတဲ့ လူတွေထဲက တစ်ယောက်ချင်းစီ လိုက်ရှာဖို့ဆိုတာ တကယ်ကို အလှုပ်ရှုပ် အချိန်ကုန်တဲ့ ကိစ္စပါ။ အွန်လိုင်းစတိုးမှာတော့ ဝယ်သူတွေရဲ့ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာနဲ့ ဘာတွေ ဝယ်ဖူးလဲဆိုတဲ့ ဒေတာတွေကို စနစ်တကျ မှတ်တမ်းတင် (Customer Database) ထားပေးပါတယ်။
အော်ဒါ လက်ခံလိုက်ပြီးမှ ပစ္စည်းရှာတော့ Stock ပြတ်နေလို့ ဝယ်သူကို အားနာနာနဲ့ ငွေပြန်လွှဲပေးရတဲ့ ဒုက္ခ ကို ကြုံဖူးပါသလား? ဒါမှမဟုတ် ဘယ်ပစ္စည်းက ဘယ်နှစ်ခု ကျန်သေးလဲဆိုတာကို စာအုပ်နဲ့၊ Excel Sheet နဲ့ လိုက်မှတ်နေရလို့ စာရင်းတွေ ရှုပ်ထွေးနေပြီလား? အွန်လိုင်းစတိုးမှာ ပါဝင်မယ့် အလိုအလျောက် Stock စီမံခန့်ခွဲမှုစနစ် (Inventory System) ကြောင့် ပစ္စည်းတစ်ခု ရောင်းထွက်သွားတိုင်း လက်ကျန်အရေအတွက်ကို စနစ်က ချက်ချင်း နုတ်ပေးသွားမှာဖြစ်လို့ ဒီကိစ္စတွေကို ရှင်းပြီး သားဖြစ်သွားမှာပါ။
အချို့သော ကုန်ပစ္စည်းတွေက ဆိုရှယ်မီဒီယာ ပလတ်ဖောင်းတွေပေါ်မှာ ဓာတ်ပုံနှင့် စာသားများကို တိုက်ရိုက်တင်ပြီး ရောင်းရင် သူတို့ရဲ့ စည်းကမ်းချက် (Policy) များနှင့် မကိုက်ညီဘူးဆိုပြီး လုပ်ငန်းသုံး အကောင့်များ/Page များ အပိတ်ခံရတဲ့ အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ရှိပါတယ်။ မိမိကိုယ်ပိုင် ဒိုမိန်း၊ ကိုယ်ပိုင် Hosting ဖြင့် တည်ဆောက်ထားသော အွန်လိုင်းစတိုးတစ်ခု ရှိထားမည်ဆိုပါက ထိုပြဿနာများကို ရာနှုန်းပြည့် ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မည်။ Website က လင့်ခ် (Link) ကို Share ပြီး ရောင်းတာ ဒါမှမဟုတ် "ဝယ်ယူရန် လင့်ခ်ကို နှိပ်ပါ" ဆိုပြီး လမ်းကြောင်းလွှဲ (Redirect) ပေးတာက ပလတ်ဖောင်းတွေရဲ့ ပေါ်လစီနဲ့ ငြိစွန်းမှု ဒဏ်ကနေ ရာနှုန်းပြည့်မဟုတ်တောင် တော်တော်လေး ကင်းလွတ်သွားစေပါတယ်။

အွန်လိုင်းစတိုး ဆောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

အွန်လိုင်းစတိုး (eCommerce Website) တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီးသိလိုတာတွေကို မြန်မာနက်နဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုက်ပါ

ဖောင်ကနေ ဆက်သွယ်ပြီးရင် ?


ဖောင်မှာ ဖြည့်လိုက်တဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးသော မြန်မာနက်ရဲ့ ကျွမ်းကျင်ပညာရှင်မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

ဖုန်းခေါ်လိုပါက

09 449 300 900

    Contact Us

    မြန်မာနက်ရဲ့ ကျွမ်းကျင်တဲ့ IT ပညာရှင်များမှ အရည်အသွေးမြင့် ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်း (Web Development) နှင့် SEO, SEA ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဂူဂယ်၏ စံချိန်စံညွှန်းများနှင့်အညီ Google Workspace Solutions များ၊ ဂူဂယ်ကြော်ငြာ (Google Ads)၊ ဒီဂျစ်တယ်မားကတ်တင်း (Digital Marketing)၊ ပရော်ဖက်ရှင်နယ် ဒိုမိန်းမှတ်ပုံတင်ခြင်း (Professional Domain Registration)၊ ကိုယ်ပိုင် လုပ်ငန်းသုံး AI Assistant ဝန်ဆောင်မှု (Custom AI Assistant Solutions) နှင့် စိတ်ချရသော Secure Hosting ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၀ ကျော်ရှိ လုပ်ငန်းများ အဖွဲ့အစည်းများ အတွက် ဝန်ဆောင်မှုပေးနေပါတယ်။

    Contact Us

    Shopping Cart

    No products in the cart.