မြန်မာနက်ရဲ့ ဒိုမိန်း Domain မှတ်ပုံတင်ခြင်း ဝန်ဆောင်မှု
မြန်မာနက်ရဲ့ နည်းပညာအဖွဲ့သားတွေက ကိုယ့်လုပ်ငန်းအမည်နဲ့ Professional ကျကျ သုံးလို့ရမယ့် ဒိုမိန်းတွေကို ရှာဖွေပေးတာ၊ မှတ်ပုံတင်ပေးတာနဲ့ သက်တမ်းတိုးပေးတဲ့ လုပ်ငန်းစဉ်တွေကို အလွယ်ကူဆုံးဖြစ်အောင် လုပ်ပေးပါတယ်။ .com, .net, .org လိုမျိုး Global Domains တွေတင်မကဘဲ အခြား ဒိုမိန်း extension ပေါင်းများစွာကိုပါ မြန်မာနက်ရဲ့ One-Stop Service အနေနဲ့ မှတ်ပုံတင်ပေးပါတယ်။
တကယ်တော့ Domain ဆိုတာ အင်တာနက်ပေါ်က လိပ်စာ (Internet Address) တစ်ခုပါပဲ။ ရုံးခန်းတွေ၊ အိမ်တွေမှာ နေရပ်လိပ်စာ ရှိသလိုမျိုး၊ အင်တာနက်ပေါ်မှာလည်း ကိုယ်ပိုင်နေရာလေးတစ်ခု ရှိဖို့ လိပ်စာလိုတယ်လေ။ ဒါကြောင့် Website တစ်ခု လွှင့်တော့မယ်ဆိုရင် ဒိုမိန်းတစ်ခုကို အရင်ဆုံး Register (မှတ်ပုံတင်) လုပ်ရတာပါ။ ဒိုမိန်းကို အနည်းဆုံး (၁) နှစ်ကနေ (၁၀) နှစ်စာလောက် သက်တမ်းဝယ်လို့ရပြီး၊ ဝယ်ထားတဲ့ သက်တမ်းအတွင်းမှာပဲ ဒီဒိုမိန်းက ကိုယ်ပိုင်ဖြစ်မှာပါ။ အကယ်၍ သက်တမ်းကုန်လို့မှ အချိန်မီ ထပ်မတိုးဖြစ်ဘူးဆိုရင်တော့ ကိုယ်မပိုင်တော့ဘဲ အခြားဘယ်သူမဆို လွတ်လပ်စွာ ဝယ်ယူသွားနိုင်ပါတယ်။
ဒိုမိန်းနာမည်တစ်ခုကို အစဦးဆုံး Register လုပ်ရင် တစ်နှစ်ကို မြန်မာငွေ သောင်းဂဏန်း လောက်ပဲ ပေးရပေမယ့်၊ ကမ္ဘာပေါ်က နာမည်ကြီး Brand တွေ၊ ကုမ္ပဏီကြီးတွေက ကြိုတင်မှတ်ပုံမတင်မိလို့ (ဒါမှမဟုတ် နောက်မှ နာမည်အလန်းလေးတွေ လိုချင်လို့) ပြန်ဝယ်တဲ့အခါ ဒေါ်လာ သန်းချီ (မြန်မာငွေ ဘီလီယံချီ) ပေးပြီး ဝယ်ခဲ့ရတဲ့ သမိုင်းဝင် Domain တွေ အများကြီးရှိပါတယ်။
လိုချင်တဲ့ ဒိုမိန်း Domain ကို ရှာကြည့်လိုက်ပါ
Domain Ownership
မြန်မာနက်က ဝယ်ယူပေးလိုက်တဲ့ ဒိုမိန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်လာရင် ဝယ်ယူထားသောသူသာ ပိုင်ဆိုင်ကြောင်း ၁၀၀% အာမခံချက်ပေးတယ်
DNS Management
ပြောင်းလိုသော DNS Address များကို စိတ်ကြိုက် လွယ်ကူလျင်မြန်စွာ မြန်မာနက်မှ စီမံခန့်ခွဲပြင်ဆင်ပေးပါတယ်
Domain Expert Support
ဒိုမိန်းနှင့် ပတ်သက်၍ အခက်အခဲရှိပါက မြန်မာနက်ရဲ့ ကျွမ်းကျင်နည်းပညာရှင်များမှ ကူညီပေးရန် အသင့်ရှိပါတယ်
မြန်မာနက်နဲ့ ဒိုမိန်း (Domain) မှတ်ပုံတင် ဝယ်ယူခြင်း
Domain Name ဆိုတာ လွယ်လွယ်ပြောရရင် အိမ်တွေ ရုံးတွေမှာ လိပ်စာရှိသလို အင်တာနက်ပေါ်က ကိုယ့်လုပ်ငန်းရဲ့ website "လိပ်စာ" ပါပဲ။ ဥပမာ - google.com တို့၊ facebook.com တို့ စသည်ဖြင့်ပေါ့။
ဘာကြောင့်လိုအပ်တာလဲဆိုရင် အပြင်မှာ ကိုယ့် အိမ်/ရုံး ကိုလာစေချင်ရင် လိပ်စာပေးရသလို အင်တာနက်ပေါ်မှာလဲ ကိုယ့် website ဆီ လူတွေ လာလည်လို့ရအောင် လိပ်စာပေးထားရတဲ့ သဘောပါပဲ။
သူတို့တွေက website တွေရဲ့ "အမျိုးအစား ခွဲခြားတဲ့ သင်္ကေတ" တွေပါ။ အဓိက ကွာခြားချက်ကတော့ သုံးတဲ့ ရည်ရွယ်ချက်ပါပဲ။
ဉပမာ .com ဆိုရင် Company (စီးပွားရေး လုပ်ငန်း) တွေအတွက် သုံးလေ့ရှိပါတယ်။ .net ဆိုရင် နည်းပညာ ဒါမှမဟုတ် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေအတွက်။ တစ်ခါတစ်လေမှာ .com ဒိုမိန်းမှာ မလွတ်တော့ရင်း .net ဆိုပြီးလဲ ယူလေ့ရှိပါတယ်။ .org ဆိုရင် Organization အဖွဲ့အစည်း တွေ ပရဟိတ တွေအတွက်အတွက် သုံးလေ့ရှိပါတယ်။ .travel ကတော့ ခရီးသွားလုပ်ငန်းနဲ့ Tour Operator တွေအတွက် သီးသန့်ပေါ့ ... ဆိုတော့ အဲဒီလို ခွဲခြားပြီး ဒိုမိန်းကို သုံးလေ့ရှိပါတယ်။
ပုံမှန်အားဖြင့် နည်းလမ်း ၃ ခု ရှိပါတယ်။ Extension ပြောင်းကြည့်ပါ... ဆိုလိုတာက ဥပမာ - yourname.com မရရင် yourname.net ဒါမှမဟုတ် yourname.biz စတာတွေ ရနိုင်မလား ရှာကြည့်ပါ။
နောက်တစ်ခုက နာမည်ကို နည်းနည်းလေး ပြင်ကြည့်ပါ.. ကိုလိုချင်တဲ့ domain နာမည်အရှေ့မှာ ဖြစ်ဖြစ် အနောက်မှာ ဖြစ်ဖြစ် မြန်မာဖြစ်တဲ့အတွက် mm ဆိုတဲ့ စာလုံးထည့်လိုက်တာတို့... online shop ဖြစ်တဲ့အတွက် shop ဆိုတဲ့ စာလုံးကို ထပ်ပေါင်းထည့်လိုက်တာတို့ လုပ်လိုက်ရင် ရနိုင်ပါတယ်။ ဉပမာအားဖြင့် yourname.com မရရင် yournamemm.com ဒါမှမဟုတ် yournameshop.com စသည်ဖြင့် ပြောင်းပြီး စဉ်းစားနိုင်ပါတယ်။
နောက်ဆုံး ကိုယ်က ဒီဒိုမိန်းမှ ဒီ ဒိုမိန်းပဲ လိုချင်တယ်ဆိုရင် ပိုင်ရှင်ဆီက ပြန်ဝယ်ပါ။ အဲဒီ domain က ကိုယ့်အတွက် တအားအရေးကြီးရင် ပိုင်ရှင်ကို ဆက်သွယ်ပြီး သူရောင်းချင်လာတဲ့ ဈေးတစ်ခု ပေးပြီး ပြန်ဝယ်တဲ့နည်းပါ။
ဒိုမိန်း Domain အများစုကို ပုံမှန်အားဖြင့် အနည်းဆုံး ၁ နှစ် ကနေ အများဆုံး ၉ နှစ် ၁၀ နှစ် အထိ သက်တမ်းတိုးပြီး စာချုပ်ဝယ်ယူလို့ရပါတယ်။ ကိုယ့်လုပ်ငန်း အဓိက နာမည်ဖြစ်လို့ သူများလုသွားမှာ စိတ်မချရင်တော့ တစ်ခါတည်း နှစ်များများသာ စာချုပ်ချုပ်ပြီး ဝယ်ထားလိုက်လို့ ရပါတယ်။ ဒိုမိန်းအချို့ကတော့ သူတို့ရဲ့ သတ်မှတ်ချက်ပေါ်မူတည်ပြီး အများဆုံး ၃ နှစ်ပဲ ဝယ်လို့ရတာတို့ လည်းရှိပါတယ်။ နှစ်ပြည့်လို့ ကုန်ခါနီးရင်တော့ ကိုယ်က သက်တမ်းဆက်တိုးလိုက်ရုံ့ပါပဲ။
ဒါက လူတော်တော်များများ နားလည်မှု့လွဲမှားတဲ့ အချက်ပါပဲ။ တစ်ကယ်တော့ ဒိုမိန်းဝဘ်တယ်ဆိုတာက နားလည်အောင် ပြောရရင် "အိမ်လိပ်စာ" ပဲ ရသေးတာပါ။ လူတစ်ကယ်နေနိုင်ဖို့က အဲဒီ လိပ်စာမှာ အိမ်ဆောက်ဖို့ရယ် ပရိဘောဂတွေ ထည့်ဖို့ရယ် ကျန်ပါသေးတယ်။
ထို့နည်းတူစွာပဲ website တန်းပွင့်ဖို့ဆိုရင်တော့ Hosting နဲ့ Website Content တွေ လိုအပ်ပါသေးတယ်။
မြန်မာနက် (Myanmars Net) က လူကြီးမင်းတို့ကိုယ်စား ဒိုမိန်းကို အင်တာနက် စနစ်ပေါ်မှာ တရားဝင် မှတ်ပုံတင်ပေးရတဲ့ "ကိုယ်စားလှယ် ဝန်ဆောင်မှု" အဖြစ်ပဲ ဆောင်ရွက်ပေးတာပါ။ ဒိုမိန်းကို မှတ်ပုံတင်တဲ့အခါမှာလည်း နာမည်၊ ဖုန်းနံပါတ်၊ Email လိပ်စာ စတဲ့ ကိုယ်ပိုင် အချက်အလက်တွေနဲ့ပဲ တရားဝင် မှတ်ပုံတင်ပေးတာ ဖြစ်ပါတယ်။
ဒိုမိန်းရဲ့ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် အခွင့်အရေးအားလုံးဟာ လူကြီးမင်းဆီမှာပဲ ရှိနေမှာဖြစ်တယ်ဆိုတာကို မြန်မာနက်က အာမခံပါတယ်။
ဒိုမိန်း သက်တမ်းကုန်သွားတာနဲ့ အဲဒီ ဒိုမိန်းနဲ့ Website လုပ်ထားရင် Website က ချက်ချင်း ပိတ်သွားမှာ (ပွင့်တော့မှာမဟုတ်ပါ) ဖြစ်ပါတယ်။ အကယ်၍များ အဲဒီ ဒိုမိန်းနဲ့ Email တွေသုံးထားရင်လည်း အကုန်ရပ်ကုန်မှာပါ။
သက်တမ်းကုန်သွားတာ ဘယ်လောက်ကြာပြီလဲ ဆိုတဲ့ "အချိန်" ပေါ် မူတည်ပြီး အခြေအနေ ၃ မျိုးရှိပါတယ်။
ဒိုမိန်း သက်တမ်းကုန်တာ ရက် ၃၀ အတွင်းမှာ ပြန်ပြီး သက်တမ်းတိုးမယ်ဆိုရင်တော့ ပုံမှန်ဈေးအတိုင်း သက်တမ်းတိုးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။
သက်တမ်းကုန်တာ ရက် ၃၀ ကနေ ၇၀ ကြားဆိုရင် တော့ ဒဏ်ကြေးဆောင်ရတဲ့ အနေအထားဖြစ်သွားပါမယ်။ ဒိုမိန်းက Lock ကျသွားတဲ့ အခြေအနေ (Redemption Period) ဖြစ်သွားလို့ ပုံမှန်ထက် ဈေးအများကြီးပိုပေးပြီး "ဒဏ်ကြေး" ဆောင်ပြီးမှ ပြန်ယူလို့ ရပါတော့တယ်။
သက်တမ်းကုန်တာ ရက် ၇၀/၈၀ ကျော်သွားတဲ့အထိ သက်တမ်းမတိုးမိဘူးဆိုရင်တော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကြိုက်တဲ့သူက ဝယ်ခွင့်ရှိသွားပါပြီ။ အခြားသူ ဝယ်သွားရင်တော့ ပြန်မရတော့ပါဘူး ဝယ်သူမရှိဘူး ဆိုရင်တော့ ပြန်ဝယ်နိုင်ပါတယ်။
ဒိုမိန်းတစ်ခု သက်တမ်းကုန်ခါနီးရင် မြန်မာနက်ဘက်ကနေပြီး ဖုန်းဖြင့် ဖြစ်စေ အီးမေးလ် ဖြစ်စေ တိတိကျကျ သေသေချာချာ အကြောင်းကြားပေးပါတယ်။ သက်တမ်းတိုးပါမယ် မတိုးပါဘူးဆိုတာကို အဖြေပေးရုံပါပဲ။
သက်တမ်းတိုးမယ့် နှစ်အလိုက် ကုန်ကျစရိတ်ကိုဘဏ်အကောင့်တွေကတစ်ဆင့် လွယ်လွယ်ကူကူ လွှဲရုံပါပဲ။ ငွေလွှဲရရှိပြီးတာနဲ့ နည်းပညာအဖွဲ့က ဒိုမိန်းကို နောက်ထပ် သက်တမ်းတိုးအောင် စနစ်ထဲမှာ ချက်ချင်း လုပ်ဆောင်ပေးသွားမှာ ဖြစ်လို့ သိပ်ပြီး ခေါင်းခဲစရာ မလိုပါဘူး။