Google တရားဝင် ပါတနာ မြန်မာနက်ရဲ့ Google Workspace
မြန်မာနက် (Myanmar Net) ဟာ ၂၀၀၉ ခုနှစ်ကတည်းက Google ရဲ့ ယုံကြည်စိတ်ချရတဲ့ တရားဝင် Cloud Partner အဖြစ် ဆယ်စုနှစ်တစ်ခုကျော် တစိုက်မတ်မတ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံသာမက ထိုင်းနိုင်ငံမှာပါ အခြေစိုက်ထားတဲ့ ကျွန်တော်တို့ရဲ့ ရုံးခွဲအသီးသီးကနေတစ်ဆင့် မြန်မာ၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတစ်လွှားမှာရှိတဲ့ လုပ်ငန်းပေါင်းများစွာအတွက် Google Workspace Solutions တွေကို စိတ်အချရဆုံး ဝန်ဆောင်မှုပေးနေပါတယ်။
အတွေ့အကြုံရင့်ကျက်တဲ့ ကျွန်တော်တို့ရဲ့ Professional နည်းပညာအဖွဲ့သားတွေက ကိုယ့်လုပ်ငန်းအမည်နဲ့ professional ကျကျ သုံးနိုင်မယ့် Business Email (ဥပမာ – [email protected]) အကောင့်တွေ ပြုလုပ်ပေးတာ၊ စိတ်ချရတဲ့ Cloud Storage စီမံခန့်ခွဲမှုစနစ်တွေ တည်ဆောက်ပေးတာ အပါအဝင် Google Workspace ရဲ့ Feature အစုံအလင်ကို ကမ္ဘာ့အဆင့်မီ စံနှုန်းတွေအတိုင်း တစ်နေရာတည်းမှာတင် (One-Stop Service) အစအဆုံး အဆင်ပြေချောမွေ့အောင် အမြန်ဆုံး အကောင်အထည်ဖော် ပေးနေပါတယ်။
အရေးကြီး Email တွေ၊ ရုံးတွင်း Data အချက်အလက်တွေကို ပေါက်ကြားမှုမရှိဘဲ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားချင်တယ်၊ ဝန်ထမ်းအချင်းချင်း ချိတ်ဆက်လုပ်ကိုင်ရတာ အရင်ကထက် ပိုမိုသွက်လက်လာစေချင်တယ်ဆိုရင်တော့… အတွေ့အကြုံရှိတဲ့ မြန်မာနက်ရဲ့ Google Workspace ဝန်ဆောင်မှုတွေကို သုံးကြည့်ပါ။
Google Workspace ဝန်ဆောင်မှုမှာ ဘာတွေပါမလဲ
Business Email
ကိုယ့်လုပ်ငန်း နာမည်နဲ့ စိတ်ချရတဲ့ Business Email ကို အသုံးပြုနိုင်ပြီး ခိုင်မာတဲ့ လုပ်ငန်းရဲ့ ဆိုတာကို သက်သေပြ နိုင်ပါတယ်
Google Drive
လုပ်ငန်းအတွက် ဖိုင်တွေ၊ စာရွက်စာတမ်းတွေကို သိမ်းဆည်းဖို့ Cloud Storage ရရှိမှာဖြစ်ပြီး အချိန်နေရာမရွေး ကြည့်ရှုနိုင်ပါတယ်
Advanced Security
Google ရဲ့ ကမ္ဘာ့အဆင့်မီ Security စနစ်ကြောင့် Spam နှင့် Cyber Threats များရန်မှ စိတ်အချရဆုံး ကာကွယ်ပေးပါတယ်
Google Meet & Chat
ဝန်ထမ်းအချင်းချင်း၊ ဒါမှမဟုတ် Client တွေနဲ့ Video Meeting တွေ၊ လုပ်ငန်းသုံး Chat Room တွေကို အချိန်မရွေး ချိတ်ဆက်သုံးနိုင်ပါတယ်
Real-time Collaboration
Google Docs, Sheets, Slides တွေကို သုံးပြီး လုပ်ဖော်ကိုင်ဖက်တွေအားလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အသုံးပြုနိုင်တယ်
24/7 Google Support
နည်းပညာပိုင်း အခက်အခဲတွေရှိလာရင် မြန်မာနက် အပြင် Google ရဲ့ Professional Live Support (24/7) မှ ပံ့ပိုး ကူညီသွားမှာပါ
Google Workspace တည်ဆောက်ခြင်း
ဟုတ်ပါတယ်။ Google ရဲ့ တရားဝင် ပါတနာ (Official Google Partner) ဖြစ်တဲ့အတွက် လူကြီးမင်းတို့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ Google Workspace (ယခင် G Suite) ဝန်ဆောင်မှုများဖြစ်သော Custom Domain ပါဝင်သည့် Business Email များ၊ Cloud Storage နှင့် အခြား Productivity Tools များကို အသက်သာဆုံးနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။
Google နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ပါတနာဖြစ်တာကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းသက်သာရုံသာမက မြန်မာကျပ်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုပါ တစ်နေရာတည်းမှာ အဆင်ပြေပြေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
သာမန် Gmail ဆိုတာက တစ်ကိုယ်ရည်သုံး Personal သုံးဖို့ပဲ ရည်ရွယ်ထားတာမို့လို့ လုပ်ငန်းတစ်ခုအနေနဲ့ သုံးမယ်ဆိုရင် အကန့်အသတ်တွေ ရှိပါတယ်။ အဓိကအချက်ကတော့ လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ်ပုံရိပ် နဲ့ Data အတွက်ပါ။
ဝန်ထမ်းတစ်ယောက်ယောက် အလုပ်ထွက်သွားရင်တောင် သူ့အကောင့်ထဲက လုပ်ငန်းဖိုင်တွေ၊ မေးလ်တွေနဲ့ Customer Contact တွေကို ကုမ္ပဏီကနေ Admin Control စနစ် ကနေ လှမ်းပိတ်ပြီး ဒေတာအားလုံးကို ဝန်ထမ်းအသစ်ဆီ စနစ်တကျ ပြန်လွှဲယူလို့ရတယ်။
ကိုယ့်လုပ်ငန်း Domain နာမည်နဲ့ [email protected] ဆိုပြီး အီးမေးလ်သုံးနိုင်တဲ့အတွက် Customer / Partner တွေအပေါ် ယုံကြည်မှု တိုးစေသလို၊ သာမန် Gmail ထက် Storage ပမာဏ ပိုများများရလို့ ဖိုင်တွေအများကြီး စိတ်ကြိုက်သိမ်းလို့ရတယ်။
Google မှာ ကိုယ်တိုင် တိုက်ရိုက်ဝယ်တာနဲ့ ပါတနာဆီကဝယ်တာနဲ့က ငွေပေးချေမှုပုံစံနဲ့ ဈေးနှုန်းတွေက ကွာခြားပါတယ်။
အချို့သောကိစ္စတွေမှာ တစ်ခုခု အခက်အခဲရှိရင် Google Team ရဲ့ တိုက်ရိုက် Support ကိုတောင် စောင့်စရာမလိုပဲ ပါတနာရဲ့ ပြည်တွင်း Local Support Team ရဲ့ ကူညီပေးမှုနဲ့တင် အဆင်ပြေကြလေ့ရှိပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ cPanel Mail၊ Outlook သို့မဟုတ် သာမန် @gmail.com ထဲက Data (Mail only) တွေကို Google Workspace ရဲ့ Migration Tool တွေ သုံးပြီးWorkspace အသစ်ထဲကို ရွှေ့ပြောင်းလို့ရပါတယ်။
ဝန်ထမ်းတစ်ယောက် ထွက်သွားရင် Admin Control Panel ကနေ အဲဒီအကောင့်ရဲ့ Password ကို ချက်ချင်း ပိတ်ပစ်လို့ရသလို၊ သူ သုံးခဲ့တဲ့ Email တွေ၊ Drive ထဲက ဖိုင်တွေကို အသစ်ဝင်လာမယ့် ဝန်ထမ်း (သို့မဟုတ်) Manager ရဲ့ အကောင့်ထဲကို ချက်ချင်း လွှဲပြောင်း (Data Transfer) ပေးလို့ရပါတယ်ဗျာ။ ပြီးရင် အဲဒီ လိုင်စင်နေရာမှာ ဝန်ထမ်းအသစ်ရဲ့ နာမည်နဲ့ အစားထိုးလဲလှယ်ပြီး ဆက်သုံးလို့ရတာကြောင့် လိုင်စင် အလဟဿ ဖြစ်ရခြင်း Data Lost ဖြစ်ခြင်း လုံးဝ မရှိပါ။
Google Workspace မှာ လုပ်ငန်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး Business Starter, Business Standard စသဖြင့် Plan အလိုက် ဈေးနှုန်း ကွာခြားမှု ရှိပါတယ်။
ငွေပေးချေမှုကိုတော့ ပုံမှန်အားဖြင့် တစ်နှစ်စာ (Annual Plan) အနေနဲ့ စာချုပ်ချုပ်ဆို ဝယ်ယူရလေ့ရှိပြီး၊ ဝန်ထမ်း တိုးလာတဲ့အခါမှာလည်း လိုအပ်သလို အကောင့်အရေအတွက် (Licenses) တွေကို ကြားထဲကနေ ထပ်တိုးပြီး ဝယ်ယူသွားလို့ ရပါတယ်။
လူကြီးမင်းတို့ ဝယ်ယူအသုံးပြုမည့် Google Workspace အကောင့်တွေရဲ့ ဒေတာလုံခြုံရေး၊ မူပိုင်ခွင့်၊ အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များနှင့် (ဥပဒေကြောင်းအရ သဘောတူညီမှုအားလုံးသည်) Google ရဲ့ တရားဝင် စည်းမျဉ်းများ (Standard သို့မဟုတ် Premier Terms) အတိုင်းသာ ဖြစ်ပါသည်။
Google မှ မြန်မာနက် (Myanmar Net) ကို အသိအမှတ်ပြု Partner တစ်ဦးအဖြစ် ပေးအပ်ထားသော လုပ်ပိုင်ခွင့်များမှာ အကောင့်ဝယ်ယူပေးခြင်း၊ ငွေပေးချေမှု ပံ့ပိုးပေးခြင်းနှင့် အခြေခံ (အခြေခံ) နည်းပညာ အကူအညီ ပေးခြင်းတို့ကိုသာ ပေးအပ်ထားပါသည်။
မြန်မာနက်နဲ့ Google Workspace သုံးပါ
Choose A Plan Fits Your Size
Google Business Starter
- 100 participant video meetings
- Custom and secure business email
- 30 GB pooled storage per user
- Security and management controls
- Standard Support
- Video meetings Up to 24 hr/time
- Gemini AI in Gmail and Chat
- NotebookLM (Standard)
- Video meetings Recording
- Gemini AI in Docs, Drive, Slides, Sheets, Meet.
- Noise Cancellation
- Google Workspace Cloud Search
- Paid upgrade to Enhanced Support
- Google Vault
- Advanced Endpoint Management
- Video meetings attendance tracking
Google Business Standard
- 150 participant video meetings
- Custom and secure business email
- 2000 GB (2 TB) pooled storage per user
- Security and management controls
- Standard Support
- Video meeting Up to 24 hr/time
- Gemini AI in Gmail and Chat
- NotebookLM (Plus)
- Video meetings Recording
- Gemini AI in Docs, Drive, Slides, Sheets, Meet
- Noise Cancellation
- Google Workspace Cloud Search
- Paid upgrade to Enhanced Support
- Google Vault
- Advanced Endpoint Management
- Video meetings attendance tracking
Google Business Plus
- 500 participant video meetings
- Custom and secure business email
- 5000 GB (5TB) pooled storage per user
- Security and management controls
- Standard Support
- Video meeting Up to 24 hr/time
- Gemini AI in Gmail and Chat
- NotebookLM (Plus)
- Video meetings Recording
- Gemini AI in Docs, Drive, Slides, Sheets, Meet
- Noise Cancellation
- Google Workspace Cloud Search
- Paid upgrade to Enhanced Support
- Google Vault
- Advanced Endpoint Management
- Video meetings attendance tracking
Google Enterprise
- Custom and secure business email + eDiscovery, retention, S/MIME encryption
- 1000 participant video meetings + recording, attendance tracking, noise cancellation, in-domain live streaming
- On-demand storage
- Advanced security, management, and compliance controls, including Vault, DLP, data regions, and enterprise endpoint management
- Enhanced Support (paid upgrade to Premium Support)
- Google Workspace search system
- Gemini AI tools that can help you work more efficiently in Gmail, Docs, Drive, Slides, Sheets, Meet, and Chat.
- NotebookLM Standard / Plus - AI-powered data assistants from secure and relevant internal sources, allowing you to add more data sources and ask more questions.