ဒီဂျစ်တယ်ခေတ် စီးပွားရေးလုပ်ငန်းတွေအတွက် ဝက်ဘ်ဆိုက်ဆောက်ပေးခြင်း
အင်တာနက် သုံးစွဲသူ ၈၁% ကျော်ဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတစ်ခုခုကို မဝယ်ခင်မှာ အင်တာနက်ပေါ်မှာ အရင်ဆုံး လေ့လာစုံစမ်းတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး အင်တာနက်သုံးစွဲသူ ၅၆% ဟာ Social Media ပဲရှိပြီး လုပ်ငန်းအကြောင်း၊ Product အကြောင်း နဲ့ ဝန်ဆောင်မှုတွေကို ဖော်ပြထားတဲ့ သီးသန့်ဝက်ဘ်ဆိုက်မရှိတဲ့ လုပ်ငန်းတွေကို ယုံကြည်ဖို့ ခဲယဉ်းတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ဝက်ဘ်ဆိုက်တစ်ခုဆီ ရောက်ရှိလာတဲ့ သုံးစွဲသူတွေရဲ့ First Impression ရဲ့ ၉၄% ဟာ အဲဒီဝက်ဘ်ဆိုက်ရဲ့ Design နဲ့ Web Development ပိုင်း ကောင်းမွန်မှုအပေါ်မှာ အတော်လေးမူတည်ပါတယ်။ Web Design ဟာ ခေတ်ရှေ့ပြေးပြီး အရမ်းကြီးလှနေဖို့ထက် ရှင်းလင်း သေသပ်ပြီး လိုအပ်တဲ့ information ကို အလွယ်တစ်ကူ မြင်နိုင်ပြနိုင်ဖို့က သေလောက်အောင် အရေးကြီးပါတယ်။
ကမ္ဘာ့ အင်တာနက် Web Traffic ရဲ့ ၅၅% ကျော် ဟာ မိုဘိုင်းလ်ဖုန်းတွေကနေ လာတာဖြစ်ပါတယ်။ မည်သည့် Device မှာမဆို ၂၄ နာရီပတ်လုံး စနစ်တကျ အလုပ်လုပ်နိုင်မယ့် သင့်လုပ်ငန်းအတွက် နိုင်ငံတကာအဆင့်မီ ဝက်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ ၁၉၉၈ ခုနှစ်ကတည်းက အောင်မြင်တဲ့ Website တွေကို ဆောက်ပေးနေတဲ့ မြန်မာနက်က ကူညီပေးပါတယ်။
Website တည်ဆောက်တဲ့ ဝန်ဆောင်မှုမှာ ဘာတွေပါလဲ
Mobile Friendly & Responsive
မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်မျိုးစုံ နဲ့ ကွန်ပျူတာ တွေမှာ အဆင်ပြေပြေ ကြည့်ရှုနိုင်မယ့် ဝဘ်ဆိုက်ဒီဇိုင်းများကို ရေးဆွဲ ဖန်တီးပေးပါတယ်
Branding & Colours
လုပ်ငန်းရဲ့ Branding ကို အကောင်းဆုံး ပေါ်လွင်စေဖို့အတွက် သင့်ရဲ့ ကိုယ်ပိုင် Brand Colour တွေကို အခြေခံပြီး တည်ဆောက်ပေးတယ်
Optimized for Speed
ပေါ့ပါးမြန်ဆန်တဲ့ ဝဘ်ဆိုက်တစ်ခု ဖြစ်လာစေဖို့ စွမ်းဆောင်ရည်နှင့် အမြန်နှုန်း မြှင့်တင်ရေးတွေကိုလည်း လုပ်ဆောင်ပေးတယ်
Search Engine Optimized
Google နဲ့ ရှာဖွေရေးအင်ဂျင်တွေ အကြိုက်တွေ့စေမယ့် နည်းပညာပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို ထည့်သွင်းပေးမှာပါ
Analytics & Reports
ဝဘ်ဆိုက်ကို လာရောက်ကြည့်သူတွေရဲ့ အကြောင်းကို သိစေဖို့ Powerful ဖြစ်တဲ့ ဝဘ်ဆိုက် Report Tool ကို ထည့်သွင်းပေးတယ်
Website Support
ဝဘ်ဆိုက် အဆင်ပြေ ချောမွေ့စွာ လည်ပတ်နေဖို့အတွက် နောက်ဆက်တွဲ နည်းပညာပံ့ပိုးမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ဆောင်မှုများ
Website တည်ဆောက်ခြင်း လုပ်ငန်းစဉ်
Website တစ်ခု အပြီးသတ်နိုင်ဖို့ ကြာချိန်ကတော့ ထည့်သွင်းရမယ့် အချက်အလက် ဘယ်လောက်များမလဲ၊ လုပ်ဆောင်ချက်တွေက ဘယ်လောက်အထိ အသေးစိတ်ကျမလဲ ဆိုတာရယ်၊ လိုအပ်တဲ့အချက်အလက်တွေကို ဘယ်လောက်မြန်မြန်ပေးနိုင်သလဲ ပြီးတော့ ပေးလိုက်တဲ့ design တွေကို ဆုံးဖြတ်ချက် မြန်မြန်ချပြီး အတည်ပြုနေတဲ့အပေါ် မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ Website တစ်ခုကို (၈) ပတ် ကနေ (၁၀) ပတ် အတွင်း အချိန်ယူရလေ့ရှိပါတယ်။
သို့သော်ငြားလည်း အရေးတကြီး လိုအပ်လို့ ဝဘ်ဆိုက်တစ်ခုကို သုံးရက်လောက်နဲ့ အပြီးအမြန်တည်ဆောက်ပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
ပုံမှန်အားဖြင့် လုပ်ငန်းစဉ်ကတော့ အဆင့် ၅ ဆင့်နဲ့ သွားပါတယ် (၁) Requirements စုဆောင်းခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်း(၂) Theme Design တည်ဆောက်ခြင်း (၃) Development (Coding & Database) ပိုင်း တည်ဆောက်ခြင်း (၄) စနစ်တစ်ခုလုံး အပြီးသတ် စစ်ဆေးခြင်း (၅) Online သို့လွင့်တင်ပေးခြင်း တို့ပဲဖြစ်ပါတယ်။
Website တစ်ခု မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ပြီးစီးဖို့အတွက် လုပ်ငန်းရဲ့ Logo၊ Company Profile၊ ဝဘ်ဆိုက်မှာ ထည့်ချင်တဲ့ စာသား (Content) တွေ၊ ဓာတ်ပုံတွေနဲ့ ရည်ညွှန်းချင်တဲ့ Design ပုံစံ (Reference Websites) တွေကို ကြိုတင်ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစဉ်အတွင်းမှာလည်း Design Approvals (ဒီဇိုင်းအတည်ပြုခြင်း) တွေအတွက် အချိန်မီ ဆုံးဖြတ်ချက်ချပေးဖို့ လိုပါမယ်။
ဝဘ်ဆိုက်တည်ဆောက်နေစဉ်မှာ အဆင့်တစ်ခုချင်းစီတိုင်းမှာ (ဥပမာ - Design အဆင့်) လုပ်ငန်းရှင်ဆီက Approval ယူပြီးမှ နောက်အဆင့်ကိုသွားရတာပါ။ ဝဘ်ဆိုက် မလွင့်တင်ခင်အချိန်ထိ Scope ထဲက အမှားအယွင်းတွေကို အခမဲ့ ပြင်ဆင်ပေးပါတယ်။ အတည်ပြုပြီးတာကို လုပ်ဆောင်ချက်အသစ်တွေထပ်ထည့်တာ ဒါမှမဟုတ် ပြန်ပြင်ချင်တာဆိုရင်တော့ အချိန်နဲ့ ကုန်ကျစရိတ်ကို ထပ်မံညှိနှိုင်းရမှာဖြစ်ပါတယ်။
Domain ကို ဒိုမိန်းပိုင်ရှင် အမည်ပေါက် ဝယ်ယူပေးမှာဖြစ်ပြီး ပိုင်ရှင်ကတော့ မြန်မာနက်မဟုတ်ပဲ ဝယ်ယူထားတဲ့ ဒိုမိန်းပိုင်ရှင်သာဖြစ်ပါတယ်။ ဒိုမိန်းမှာ နှစ်စဉ်ကြေးရှိပါတယ်။
ပုံမှန်အားဖြင့် မြန်မာနက်ရဲ့ website package တွေမှာ Hosting တွေက ၁ နှစ်စာ တွဲပါပြီးသားဖြစ်ပါတယ်။ သီးသန့် Hosting ဝယ်မယ်ဆိုရင်တော့ နှစ်စဉ်ကြေးရှိပါတယ်။
Website လုပ်ပြီးလွှင့်တင်ပြီးရုံနဲ့ ဒီအတိုင်းထားလို့မရပါဘူး။ ဖုန်းတစ်လုံး ဝယ်ပြီးရင် Software Update တောင်းသလိုမျိုး၊ ကားတစ်စီး ဝယ်ပြီးရင် အင်ဂျင်ဝိုင် ပုံမှန်လဲရသလိုမျိုး ဝဘ်ဆိုက်တွေကလည်း ရေရှည်မှာ ပုံမှန် Maintenance လုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဝဘ်ဆိုက် Error တက်တာမျိုး၊ Loading ကြာတာမျိုး၊ Server Update လုပ်တာမျိုး၊ CMS Engine တွေကို Server တွေနဲ့ ကိုက်ညီအောင် Update လုပ်တာမျိုး၊ သုံးစွဲသူတွေ (Customers) ဝင်ကြည့်တဲ့အခါ အမြဲတမ်း အဆင်ပြေနေစေဖို့ ကျွန်ုပ်တို့ မြန်မာနက်အဖွဲ့သားများက ဝဘ်ဆိုက်ရဲ့ နောက်ကွယ်ကနေ နည်းပညာပိုင်းဆိုင်ရာတွေကို တာဝန်ယူ လုပ်ဆောင်ပေးသွားရပါတယ်။
မြန်မာနက်နဲ့ Website လုပ်ပါ
Choose A Plan Fits Your Size
Micro Business Site
- Web Hosting Space 450 MB
- Bandwidth 3.75 GB
- 15 Pages Content Integration
- 5 Pages Adds/Updates Per Month
- Private CMS Login
- CMS Training
- Contact Form
- Reservation form
- Site Map
- Site Search
- Photo Gallery
- Payment Gateway Integration
Small Business Site
- Web Hosting Space 900 MB
- Bandwidth 7.5 GB
- 30 Pages Content Integration
- 5 Pages Adds/Updates Per Month
- Private CMS Login
- CMS Training
- Contact Form
- Reservation form
- Site Map
- Site Search
- Photo Gallery
- Payment Gateway Integration
Medium Business Site
- Web Hosting Space 1.5 GB
- Bandwidth 12.5 GB
- 50 Pages Content Integration
- 10 Pages Adds/Updates Per Month
- Private CMS Login
- CMS Training
- Contact Form
- 3 Reservation forms
- Site Map
- Site Search
- Photo Gallery
- Payment Gateway Integration
Enterprise Business Site
- Web Hosting Space 2.4 GB
- Bandwidth 20 GB
- 80 Pages Content Integration
- 15 Pages Adds/Updates Per Month
- Private CMS Login
- CMS Training
- 5 Reservation forms
- Site Map
- Site Search
- Photo Gallery
- Payment Gateway Integration
SUPREME Business Site
- Web Hosting Space 3 GB
- Bandwidth 25 GB
- 100 Pages Content Integration
- 20 Pages Adds/Updates Per Month
- Private CMS Login
- CMS Training
- 10 Reservation forms
- Site Map
- Site Search
- Photo Gallery
- Payment Gateway Integration