About Us - မြန်မာနက် အကြောင်း

About Us
Founded in 1998, Myanmars.NET stands as the earliest web developer and the largest web solution provider in Myanmar.

၁၉၉၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ မြန်မာနက် အကြောင်း

Myanmars.NET ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဝက်ဘ်ဆိုက် ရေးဆွဲရေးအေဂျင်စီ (Earliest Web Developer) နှင့် အကြီးဆုံး Web Solution Provider အဖြစ် ရပ်တည်လျက်ရှိပါသည်။ တည်ထောင်သူဖြစ်တဲ့ ဦးဇော်ထွဋ်ဆိုတာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာစာ ဆော့ဖ်ဝဲလ်လောကတွင် ထိပ်တန်း ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပြီး လူသိများတဲ့ “Win Myanmar Fonts” ကို တီထွင်ဖန်တီးခဲ့သူ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက အင်တာနက် နည်းပညာရပ်ဆိုင်ရာ နောက်ခံအတွေ့အကြုံ အခိုင်အမာ ရှိခဲ့သူဖြစ်သလို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တွင်လည်း အလုပ်အမှုဆောင်ကော်မတီဝင် (Executive Committee member) တစ်ဦးအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။ လက်ရှိတွင် မြန်မာနက်မှာ အချိန်ပြည့် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းပေါင်း ၄၅ ဦးဖြင့် အင်အားတောင့်တင်းစွာ ဖွဲ့စည်းထားပြီး မြန်မာ့ဒီဂျစ်တယ် နည်းပညာကဏ္ဍကို ဆက်လက် ဦးဆောင်လျက်ရှိပါတယ်။

မြန်မာနက်ဟာ မြန်မာနိုင်ငံအပြင် သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ကူဝိတ်၊ လာအို၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ဆားဘီးယား၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ထိုင်း၊ ယူကေ (UK)၊ ယူအက်စ်အေ (USA) နှင့် ဗီယက်နမ်နိုင်ငံ အစရှိသည့် နိုင်ငံများမှ ကာစတမ်မာများ၏ စီးပွားရေးလုပ်ငန်းများ အဖွဲ့အစည်းများ၏ နည်းပညာပိုင်းဆိုင်ရာ လည်ပတ်မှုများကို ကူညီပံ့ပိုးပေးထားပါတယ်။

web
HISTORY TIMELINE

မြန်မာနက်ရဲ့ မှတ်တမ်းသမိုင်း

အိုင်စီတီ (ICT) ကဏ္ဍ ဆော့ဖ်ဝဲလ်နည်းပညာများနှင့် ခေတ်မီဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးလျက်ရှိသော မြန်မာနက်ရဲ့ ဖြတ်သန်းရာ သမိုင်းမှတ်တမ်း

မြန်မာနက် ရဲ့ အထူးဝန်ဆောင်မှုများ

Web Development (ဝက်ဘ်ဆိုဒ် တည်ဆောက်ပေးခြင်း) - နယ်ပယ်အသီးသီးက လုပ်ငန်းတွေ အဖွဲ့အစည်းတွေအတွက် အသုံးဝင်ပြီး Pro ဆန်တဲ့ website တွေကို တည်ဆောက်ပေးခြင်း
Domain Sales/Trade (ဒိုမိန်းမှတ်ပုံတင်ပေးခြင်း) - လုပ်ငန်းအတွက် တန်ဖိုးရှိသော Domain နာမည်ကောင်းများကို ရွေးချယ်ဝယ်ယူ မှတ်ပုံတင်ပေးခြင်း
E-commerce online shopping (အွန်လိုင်းဈေးဆိုင်) - ရောင်းအားကို အဆပေါင်းများစွာ တိုးစေမည့် E-commerce ဝက်ဘ်ဆိုက်များကို ဖန်တီးပေးခြင်း
AI & Feature Technology (ကိုယ်ပိုင်လုပ်ငန်းသုံး အေအိုင်) - လုပ်ငန်းအကြောင်း သင်ထားပေးသမျှ လူလိုပြန်ဖြေပေးတဲ့ လုပ်ငန်းသုံး ကိုယ်ပိုင် အေအိုင်များ တည်ဆောက်ပေးခြင်း
Digital Marketing & Cloud Services (ဒီဂျစ်တယ် မားကတ်တင်း နှင့် Cloud ဝန်ဆောင်မှုများ) - Google Workspace Solutions - Google ရဲ့ နည်းပညာပိုင်းဆိုင်ရာ အသိအမှတ်ပြုပညာရှင်များမှ Google Workspace အတွက်ဝန်ဆောင်မှုပေးခြင်းအပြင် google နဲ့ youtube ပေါ်မှာ ကြော်ငြာပေးခြင်း
Tourism Tech & Custom Software Solutions (ခရီးသွားလုပ်ငန်း နည်းပညာနှင့် စိတ်ကြိုက်ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုများ) - Hotel Booking, Tour Booking, Cruise Booking စနစ်များ၊ E-invoice စနစ်များအပြင် လုပ်ငန်းခွင်အလိုက် လိုအပ်သော Customize System များကို ရေးဆွဲပေးခြင်း

 

မြန်မာနက်ဟာ နည်းပညာပိုင်းမှာ အစဉ်တစိုက် ဆန်းသစ်တီထွင်မှုတွေကြောင့် အမျိုးသားအဆင့် ICT ဆု (National ICT Awards) ၂ ခု တောင် ဆွတ်ခူးရရှိထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဖန်တီးထားတဲ့ ခရီးသွားသတင်းအချက်အလက် ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ (Myanmar Travel Information နဲ့ Yangon Travel Information) ဆိုရင် ကမ္ဘာကျော် မီဒီယာကြီးတွေဖြစ်တဲ့ CNN နဲ့ BBC တို့ကပါ အထူးတလည် ညွှန်းဆိုခြင်းခံရတဲ့ site များဖြစ်ပါတယ်။

Contact Us

မြန်မာနက်ရဲ့ ကျွမ်းကျင်တဲ့ IT ပညာရှင်များမှ အရည်အသွေးမြင့် ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်း (Web Development) နှင့် SEO, SEA ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဂူဂယ်၏ စံချိန်စံညွှန်းများနှင့်အညီ Google Workspace Solutions များ၊ ဂူဂယ်ကြော်ငြာ (Google Ads)၊ ဒီဂျစ်တယ်မားကတ်တင်း (Digital Marketing)၊ ပရော်ဖက်ရှင်နယ် ဒိုမိန်းမှတ်ပုံတင်ခြင်း (Professional Domain Registration)၊ ကိုယ်ပိုင် လုပ်ငန်းသုံး AI Assistant ဝန်ဆောင်မှု (Custom AI Assistant Solutions) နှင့် စိတ်ချရသော Secure Hosting ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၀ ကျော်ရှိ လုပ်ငန်းများ အဖွဲ့အစည်းများ အတွက် ဝန်ဆောင်မှုပေးနေပါတယ်။

Contact Us

Shopping Cart

No products in the cart.