၂၀၁၆ မှ ယနေ့ထိ (ဒီချုပ်)

Search Myanmar Laws - ဥပဒေများကို အလွယ်တကူ ရှာနိုင်ပါသည်။


   

၂၀၁၆ - ယနေ့ထိ

မြန်မာ ဥပဒေများ (Myanmar Laws from 1800s to Today)

"ဥပဒေတွေ ရေးထားတာ ဘာတွေမှန်း မသိဘူး။ နားမလည်ဘူး" လို့ ဆင်ခြေပေးပြီး၊ ရှောင်ကွင်းနေရင်တော့ သေချာပါတယ်။ တစ်နေ့ကျရင် ဒုက္ခရောက်ဘို့ များပါတယ်။ အဲဒီလောက် မခက်ပါဘူး။ ကြိုးစား ဖတ်ကြည့်ပါ။ ၅၀% မကတော့ နားလည်ပါလိမ့်မယ်။ ဥပဒေ ဆိုတာ နိုင်ငံတစ်နိုင်ငံစီမှာ ရှိတဲ့ နေထိုင်သူတိုင်း (နိုင်ငံသား+ နိုင်ငံခြားသား တိုင်း) လိုက်နာရမယ့် စည်းကမ်းတွေ ဖြစ်ပါတယ်။ ကိုယ့် စည်းကမ်းမှ ကိုယ်မသိရင် အဲဒီတိုင်းပြည် ဘယ်လိုနေမလဲ? ဥပဒေဆိုတာ အများအားဖြင့် ချိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ပါလာတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။ မသိလိုက်လို့ ခံလိုက်ရတာမျိုး မဖြစ်အောင်၊ မသေချာလို့ သိချင်တဲ့အခါ ရှာလို့ရအောင်၊ ရည်ညွှန်းလို့ရအောင် ပြည်သူအများအတွက် ခေတ်အလိုက် ဥပဒေများကို  စုစည်း တင်ပြထားပါတယ်။

ဥပဒေ တစ်ခုချင်းနဲ့ ပတ်သက်လို့ ပြင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေကို အကြံပေး တောင်းဆိုချင်တယ်ဆိုရင် သက်ဆိုင်တဲ့ ဥပဒေကို ရှာဖတ်ကြည့်ပါ။ အဲဒီဥပဒေ ဖော်ပြထားတဲ့ စာမျက်နှာရဲ့ အောက်ဆုံးမှာ facebook comment box မှာ ရေးသား အကြံပေး ဆွေးနွေး ရေးသားပေးပါ။ ကျွန်တော် ကျွန်မတို့ ပြည်သူတွေရဲ့ လိုလားမှုတွေကို law maker တွေ သိဘို့ စတုတ္ထ မဏ္ဍိုင်ကနေ သူတို့ သိအောင် ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး ဝိုင်းကြိုးစားရပါမယ်။ 

ကျွန်တော်တို့ ကိုယ်စား လွှတ်တော် တက်ခိုင်းထားတဲ့ ပြည်သူ့ကိုယ်စားလှယ် အားလုံးမှာ ပြည်သူတွေ လိုအပ်ချက်တွေ တောင်းဆို အဖြေရှာပေးဘို့ တာဝန်ရှိပါတယ်။ အလှည့်ကျ အစိုးရဖွဲ့ကြတဲ့ ပြည်သူ့ အစိုးရ ဆိုတာတွေကလည်း ပြည်သူတွေရဲ့ လိုလားချက်တွေကို အဖြေရှာ ဖြည့်ဆည်းပေးဘို့ အမြဲတာဝန်ရှိပါတယ်။ 

/ အယ်ဒီတာ 

 

ဤကဏ္ဍတွင် ၂၀၁၆ ဧပြီလမှစ၍ NLD ပါတီ အစိုးရ လက်ထက် ထုတ်ပြန်သော ဥပဒေများကို ဤနေရာတွင် စုစည်း တင်ပြထားပါသည်။

Display # 
Title Hits
Myanmar Investment Law (draft) 58
2017-02-08 - ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း 80
2017-03-01 - ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ 66
2017-02-28 - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ 63
2016-10-18 - မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ 291
2016-12-02 - ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ 225
2016-10-04 - ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ 386
2016-10-04 - အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ 254
2016-08-31 - ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 409
2016-07-29 - မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့် ဥပဒေ 322
2016-07-29 - ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ 301
2016-07-29 - အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ 355
2016-06-08 - တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ 386
2016-06-08 - အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ 339
2016-06-08 - ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ 334
2016-05-31 - ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ 352
2016-05-31 - နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ 306
2016-05-26 - နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 434
2016-04-06 - နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ 801

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.